အခန်း (၁၃၂)

1.1K 136 0
                                    


အခန်း (၁၃၂) : ခြိမ်းခြောက်မှု

"၁၅၀ ၀၀၀..." ပင်းရှစ်ချီ စကားအဆုံးတွင် တစ်ယောက်က ဈေးမြင့် ခေါ်လိုက်ခြင်း ဖြစ်သည်။

လေလံပွဲတွင် လူများကို တိတ်တိတ်နေစေပြီး သူတို့၏ ခေါ်ဈေးများကိုသာ ရေးခိုင်းကာ ပိတ်ကားပေါ်တွင် ပေါ်လာအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ တူညီစွာ တစ်ယောက်၏ ဈေးခေါ်နှုန်းမြင့်အောင် ဘေးနားမှ ဈေးအပြိုင်လိုက်ပေးခြင်းကို ကန့်သတ်မထားပေ။

ထိုကျင့်ကြံသူက ရွှမ်အဆင့် ကျောက်တုံး ၁၅၀၀၀၀ ကို ဈေးခေါ်ပြီးသည့်အချိန်တွင် ပတ်ဝန်းကျင်ကား ငြိမ်ကျသွားသည်။ အရင်ဈေးနှုန်းက ၁၀၀ ၀၀၀ ဖြစ်ရာ ၅၀ ၀၀၀ တိုးပေးဖို့ရာက အမှန်ပင် လူမဆန်ချေ။

"၁၆၀ ၀၀၀..." ပင်းရှစ်ချီ စကားအဆုံးတွင် တစ်ယောက်က ထပ်ပြီး ဈေးမြင့်ပေးလိုက်သည်။ နည်းနည်း ဈေးမြင့်ပေးဖို့ရာ ရှက်စရာကောင်းသည်ဟု ခံစားမိသောကြောင့် သူက ၁၀ ၀၀၀ တန်းတိုးပေးလိုက်သည်။

"၃၀၀ ၀၀၀ ..." ၅၀ ၀၀၀ တိုးပေးထားသော ကျင့်ကြံသူက နောက်ထပ် ဈေးထပ်မြင့်ပေးလိုက်သည်။ ဤတစ်ကြိမ်တွင် သူက စိတ်အားထက်သန်စွာဖြင့် ၁၄၀ ၀၀၀ တစ်ခါတည်း တန်းဈေးခေါ်လိုက်သည်။

အကယ်၍ တစ်ယောက်ယောက်က ထပ်ပြီး ဈေးမြင့်ပေးလျှင် ၄၀၀ ၀၀၀ ပေးဖို့ တွေဝေနေမည် မဟုတ်ပေ။

ပိတ်ကားပေါ်က စိတ်စွမ်းအင် ကျောက်တုံး ၃၀၀ ၀၀၀ က လူအများကို အံ့အားသင့်သွားစေသည်။ ဈေးနှုန်းက အံ့အားသင့်စေတာ မဟုတ်ဘဲ တိုးပေးလိုက်သည့် နှုန်းထားက ဖြစ်သည်။ ၁၀၀ ၀၀၀ တန်သည့် အရာတစ်ခုအတွက် တစ်ခါတည်း ၁၆၀ ၀၀၀ တိုးပေးခြင်းက လက်ပတ်တစ်ခုအတွက် ဂိုဏ်းကို ကိုယ်စားပြုသူဆိုလျှင်ပင် မယုံကြည်နိုင်ဖွယ်‌ ကောင်းလှသည်။ သူက လက်ပတ်ကို ဘယ်လောက်များ လိုချင်နေသည်လဲ.....

တစ်ယောက်ယောက်ကသာ ဈေးထပ်တိုးပေးလိုက်လျှင် နှစ်ဖက်လုံး အထိနာစေသည့် ကိစ္စရပ်မျိုး သေချာပေါက် ဖြစ်လာလိမ့်မည်။

"တစ်ယောက်က ၃၀၀ ၀၀၀ ထိတိုးပေးထားပါတယ် နောက်ထပ် ဈေးမြင့်ပေးမဲ့သူများ ရှိသေးလား မရှိတော့ရင် ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ်က ဒီမိတ်ဆွေ ပိုင်ဆိုင်သွားပါပြီ ၃၀၀ ၀၀၀ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် လေလံနိုင်သွားပါပြီ...." လေလံနိုင်သွားသည့်အကြောင်း ပြောပြီးနောက်တွင် ပင်းရှစ်ချီက သစ်သားတူအသေးလေး ချထားလိုက်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now