အခန်း (၁၉၆)

1.1K 163 2
                                    


အခန်း (၁၉၆) : မင်းမှန်တယ်

ရွယ်ထုံဇီးက မပြောခင် ခဏတာ စဉ်းစားလိုက်ပြီး "သူ့အသားရေက နည်းနည်းမည်းပြီးတော့ သူ့မျက်နှာမှာ အမာရွတ်ကြီး ရှိတယ် ... သူက ဘုန်းကြီးလို ဝတ်ထားတာ .. သူ့ကို တွေ့တုန်းက သူ့ခန္ဓာမှ ဒဏ်ရာအပြည့်ပဲ ဒဏ်ရာလွတ်နေတဲ့ နေရာလို့ကို မမြင်မိဘူး .. ပြီးတော့ ယန်အာကို ကယ်တင်ဖို့ စစ်မှန်ခြင်း နတ်ဘုရားအဆင့် နယ်ခြား ကျင့်ကြံသူရဲ့ အလင်းတန်းကို ဝင်ခံလိုက်တာ ရင်ဘတ်မှာ ပေါက်သွားသေးတယ် .. "

သူမ တွေဝေနေသည့် နောက်ကွယ်က အကြောင်းရင်းမှာ ရွယ်ထုံဇီးက မိုဝူကျီ (ယန်အာကို ကယ်တင်ပေးခဲ့သူ)သည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း မသေချာ၍ မဟုတ်ပေ။ ထို့အပြင် ထိုသည်က သူမအတွေးသာ ဖြစ်လေသည်။ မည်သို့ပင် ဖြစ်နေပါစေ ရွယ်ထုံဇီး စကားများကို ကြားပြီးသည့်နောက်တွင် ဆယ်ထပ်လုံးရှိ ကျင့်ကြံသူများကြားတွင် ပွက်လောရိုက် သွားလေသည်။ ရွယ်ထုံဇီး စကားအဆုံးတွင် အားလုံး၏ မျက်လုံးထဲတွင် အခြေအနေတစ်ခုလုံးကို မြင်ယောင်လာလေသည်။ သူတို့က နယ်လှည့် ကျင့်ကြံသူက ထိုအမှတ်များကို သေခြင်း၊ ရှင်ခြင်း တိုက်ပွဲများစွာကို ဖြတ်သန်း၍ ရလာသည်မှန်း သိလိုက်ကြသည်။ ကံကောင်းထောက်မ၍ ရန်သူ၏ သေရေးတမျှ အခြေအနေတွင် သတ်နိုင်ခဲ့ခြင်း မဟုတ်ပေ။

"ဒီလောက်အမှတ်တွေ ရအောင် သူ့အသက်ကို စတေးထားတယ်လို့ ကျွန်မတော့ ယုံကြည်တယ် .. " ရွယ်ထုံဇီးက နောက်ဆုံးစကားကို ထပ်ပြောလိုက်သည့်အခါ အားလုံးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကို လေးစားလာကြတော့သည်။

"အမှတ်တေွရဖို့အတွက် အသက်ကိုတောင် ပဓာန မထားတာ .. ကျုပ် လျူမန်တော့ သူ့ဆီမှ အများကြီး သင်ယူလိုက်ရတယ်ဗျို့ ... " ခဏအကြာတွင် လူသန်ကြီး တစ်ယောက်က စိတ်အားတက်ကြွစွာ ပြောလိုက်လေသည်။

"အမှန်ပဲ ... ကျုပ်တို့က ကျင့်ကြံခြင်းလမ်းကြောင်းကို ရွေးချယ်ထားပြီးပြီ။ နယ်ခြား ကျင့်ကြံသူတွေက ကျုပ်တို့ အိမ်၊ ကျုပ်တို့မြေကို လာရောက်ကျူးကျော်ကြတယ် .. ကျွန်တော့် အသက်ကို စတေးပြီး မတိုက်ခိုက်မှတော့ ကျုပ်တို့ နေထိုင်ရာ မြေအတွက် ဘာတာဝန်ကျေမှာလဲ ... နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ကတောင် ဒီလောက် လုပ်နိုင်သေးရင် ကျုပ်တို့ ဂိုဏ်းသားတွေကရော ဘာလို အတူတူ မလုပ်နိင်ရမှာလဲ ... "

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now