အခန်း (၂၀၀)

3.3K 230 14
                                    


အခန်း (၂၀၀) : ကျင့်စဉ်၏ မရှိမဖြစ် လိုအပ်ချက်

အကောင်းဆုံး ဝိညာဉ်စွမ်းအားအခန်းတွင် တံခါးပိတ်ပြီးနောက် မိုဝူကျီ ပထမဆုံး လုပ်သည့်အရာမှာ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ဦးစွာ ထုတ်ယူခြင်း ဖြစ်သည်။ ကောင်းကင်ဖွေရှာနန်းတော်၏ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ရှိ ဝိညာဉ်စွမ်းအားအခန်းထဲတွင် ရှိနေသည့်အကြာင်းမှာ မည်သူကမျှ သူ့ကို နောက်ယောင်ခံ၍ မရနိုင်မှန်း သိ၍ ဖြစ်သည်။

မိုဝူကျီက နောက်ဆုံးစာရွက်များကို အရင်ဦးစွာ လှန်လှောကြည့်ဖို့ စိတ်ကူးမရှိဘဲ ပထမစာမျက်နှာမှ လှန်ကြည့်လိုက်သည်။

သူက ကျင့်စဉ်စာရွက်များကို လှန်လှောလိုက်သည့်အခါ မိုဝူကျီ မျက်နှာတွင် အမူအယာပျက်လာလေသည်။ အကြောင်းမှာ ဤကျင့်စဉ်တွင် ပြဿနာရှိနေ၍ မဟုတ်ဘဲ သူ့လောင်ဟိုင်မှ ဝယ်ယူခဲ့သော ကျင့်စဉ်မှာ ပြဿနာရှိနေသောကြောင့် ဖြစ်၏။

သူက ပထမဆုံး ဆယ်ရွက်အထိ လှန်ကြည့်ပြီးသည့်အချိန်တွင် သူလောင်ဟိုင်မှ ဝယ်ယူခဲ့သော ကျင့်စဉ်၏ ၉၀ ရာခိုင်နှုန်းလောက် ပါကြောင်း မှန်းဆမိပြီးလေပြီ။ သို့သော်လည်း လောင်ဟိုင်အိမ်တော်မှ ကျင့်စဉ်မှာ မလိုအပ်သည့်အရာများကို တကယ့် အင်မော်တယ် မော်တယ် ကျင့်စဉ်တွင် ပေါင်းထည့်ထားကြောင်း သိလိုက်ရသည်။ ထိုအပိုများက ဖတ်ဖို့နားမလည်သည့်သူကိုပင် အဆင်ပြေပြေ နားလည်စေလေသည်။

ယခု ဤကျင့်စဉ်တွင် အပိုများ ဖယ်ထုတ်ထားသောအခါ မိုဝူကျီက ယခင်ကျင့်စဉ်ကို အသုံးပြုစဉ် သူ့ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းတွင် အမှားများစွာ လုပ်မိကြောင်း သတိပြုမိလိုက်သည်။

အဓိကအကြောင်းအရင်းမှာ အင်မော်တယ် မော်တယ် ကျင့်စဉ်တွင် ပေါင်းထည့်ထားသော အပိုများမှာ အသုံးမဝင်သော အပိုများသာ ဖြစ်နေလေသည်။

ကောင်းချက်တစ်ခုမှာ ထိုအပိုများကြောင့် ကျင့်စဉ်ကို သက်ရောက်မှု မရှိခြင်း ဖြစ်သည်။ မိုဝူကျီက လောင်ဟိုင်အိမ်တော်မှ ကျင့်စဉ်အပိုများကို ဖယ်ပြီး ဤကျင့်စဉ်၏ ဝိညာဉ်စွမ်းအားလှည့်ပတ်ခြင်းကို ပိုလိုလားလေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now