အခန်း (၂၀)

2.1K 293 0
                                    


အခန်း (၂၀) : ရှင်သန်ခြင်းနှင့် သေဆုံးခြင်း

"သခင်...... သူ့ကို သတ်မဲ့အစား ဆုလာဘ် အမြောက်အမြား ချီးမြင့်သင့်တယ်လို့ ကျွန်တော်ထင်တယ်......" စီရင်စုနယ်စားကြီး ဟန်ချန်အန်းသည် မတ်တပ်ရပ်ကာ ချက်ချင်း တုံ့ပြန့်လိုက်၏။

"ဘာကြောင့်လဲ......" စစ်ထူချင်သည် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

ဟိုးအရင်ကတည်းက သူသည် မြောက်ဖက်ပိုင်း ချင်စီရင်စု သခင်ဖြစ်သည့် မိုထင်းချန်အား လုံးဝ မနှစ်သက်ခဲ့ချေ။ မိုမျိုးနွယ်စု၏ မျိုးဆက်သည် ချင်ယွီပြည်နယ်ကို သူတို့ပိုင်ဆိုင်သည့် ဆေးကို မဆက်သရုံ သာမက ဆေးနည်းကိုလည်း အားလုံးသိရှိရန် ဝေမျှပေးသေး၏။ စစ်ထူချင်သည် မိုဝူကျီ၏ ရည်ရွယ်ချက်ကို ဂရုမစိုက်ချေ။ သူအား သေရန်သာ အလိုရှိ၏။

"သခင်..... မိုဝူကျီရဲ့ ကိုးဘဝပျောက်ကင်းဆေးကြောင့် နိုင်ငံနှင် လူမျိုး အတွက် ကောင်းကျိုးအများကြီး ပေးစွမ်းနိုင်ခဲ့ပါတယ်..... ဆေးမထုတ်ခင် သူ့ကို ကွပ်မျက်လို့ ရနိုင်ပေမဲ့ အခုအခြေအနေမှာ ဘာမှလုပ်လို့ မရတော့ပါဘူး......သူက အံ့ဖွယ်ဆေး ထုတ်လုပ်ထားတောင် ကွပ်မျက်ခံလိုက်ရတဲ့ သတင်းသာ ပြန့်နှံ့သွားရင် သခင်ရဲ့ ဂုဏ်သတင်းကို ညိုးနွမ်းစေပါလိမ့်မယ်.....ချင်ယွီပြည်နယ်အတွက်လည်း မသင့်လျော်ပါဘူး.....တစ်ဖက်မှာလည်း အကယ်၍ လူတွေက သခင်သာ သူ့ကို အသက်ချမ်းသာပေးလိုက်ပြီး သာမာန်လူတန်းစားများ အသက်ကို ကယ်တင်ခဲ့တဲ့ အတွက် ဆုလာဘ်ချီးမြင့်လိုက်တယ်ဆိုတာ သိသွားရင် ချင်ယွီပြည်နယ်လည်း ပိုတောင့်တင်းလာပြီး လူအများလည်း ပို၍ စည်းလုံးလာပါလိမ့်မည်....."

စီရင်စု နယ်စားကြီး ဟန်ချန်အန်းသည် သူ့အပိုင်းကို ပြောပြီးသည်နှင့် ဘေးသို့ ပြန်ဆုတ်လိုက်၏။

သူ့စကားလုံးများသည် အရမ်းမရှင်းလင်းနေသော်လည်း စစ်ထူချင်သည် ကောင်းစွာ သဘောပေါက်၏။ မိုဝူကျီသည် သူ့အား စိတ်အနှောင့်ယှက်ပေးခဲ့သော်ငြား စစ်ထူချင်သည် ဗွေမယူဘဲ သူ့အား ဆုလာဘ်အမြောက်အမြား ပေးသင့်၏။ ထိုအပြုအမူသည် သူ့အား သခင်ရာထူးအဆင့်အတန်းကို တည်မြဲစေပြီး လူအများလည်း သူ့ကို ပို၍ နှစ်သက်စေလိမ့်မည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now