အခန်း (၁၃၈)

1.1K 153 1
                                    


အခန်း (၁၃၈) : ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဟော်ယွီချန်

လျှပ်စစ်အလုံးများက မိုဝူကျီ ခန္ဓာပေါ် ကျရောက်လာပြီး တစ်လက်လက် လျှပ်စီးများ ဖြစ်ပေါ်နေသည်။ မိုဝူကျီ လက်ပေါ်သို့ ကျရောက်သော လျှပ်စစ်မှလွဲ၍ ကျန်လျှပ်စစ်များက သူ့အပြင်အဝတ်ကို အပေါက်ဖြစ်အောင် လောင်ကျွမ်းသွားကြသည်။

သူလက်ထဲတွင် လောင်ကျွမ်းနေသော ခံစားချက် အပြင် ခန္ဓာပေါ်သို့ ကျရောက်လာသော လျှပ်စစ်များက သူ့အား ထိရောက်ခြင်း မရှိပေ။

ကောင်းကင်ကျီး သဘာဝပိုးချည် ချပ်ဝတ်က အမှန်တကယ် အသုံးဝင်လှသည်။ မိုဝူကျီက စိတ်ထဲတွင် အောင်ပွဲခံနေလေ၏။ ထိုချပ်ဝတ်မပါလျှင်ပင် ထိုလျှပ်စစ်အားက သူ့အား သက်ရောက်မှု ရှိမည် မဟုတ်ပေ။ သို့သော် ထိုချပ်ဝတ်ကြောင့် သူခံစားရသည်က များစွာသက်သာသွားပေ၏။

လျှပ်စီးကျားသစ်က သူ့တိုက်ခိုက်မှုသည် မိုဝူကျီအပေါ် သက်ရောက်မှု မရှိသည်ကို မြင်သောအခါ မိုဝူကျီထက် သူ့ထက်များစွာ သန်မာကြောင်း ချက်ချင်း သဘောပေါက်သွားတော့သည်။ အဆင့်နှစ်အထိ ကျင့်ကြံထားသည့် သားရဲအနေဖြင့် သူ့တွင် အသိဥာဏ် နည်းနည်းတော့ ရှိ၏။ လျှပ်စီးကျားသစ်က သူ့တိုက်ခိုက်မှု အလုပ်မဖြစ်သည်ကို မြင်သောအခါ လှည့်ပြေးတော့သည်။

လျှပ်စီးကျားသစ်၏ တိုက်ခိုက်စွမ်းက အားကောင်းသည်ဟု ယူဆ၍ မရချေ။ သူ့၏ အဓိက စွမ်းဆောင်ရည်မှာ အမြန်နှုန်းသာ ဖြစ်၏။

မိုဝူကျီက လျှပ်စီးကျားသစ် ထွက်ပြေးမှုကို စောင့်နေခဲ့တာ ဖြစ်ပြီး ယခု လျှပ်စီးကျားသစ်က ထွက်ပြေးသောအခါ သူက နောက်က ချက်ချင်း လိုက်သွားလိုက်သည်။ သူက လျှပ်စီးမိကျောင်းကို အဆုံးသတ်ရန် ရည်ရွယ်ချက် မရှိဘဲ လျှပ်စီးမိကျောင်း နေသည့် နေရာကိုသာ ရှာဖွေလိုခြင်း ဖြစ်သည်။ ရေခဲတောင် ကိစ္စကို အတွေးမှ ထုတ်ပစ်လိုက်လေသည်။

အကယ်၍ ရေခဲတောင်တွင် စစ်မှန်ခြင်း နတ်ဘုရားပန်း ရှိနေလျှင်ပင် ထိုအရာက သူ့လျှပ်စီး ရှာတွေ့ပြီးသည်အထိ စောင့်နိုင်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now