အခန်း (၁၆၄)

1.2K 148 2
                                    


အခန်း (၁၆၄) : ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီ

ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီသည် အမှန်တကယ်ပင် ဘုံ တစ်ခု ဖြစ်သော်လည်း နေထိုင်ဖို့ရာအတွက် မသင့်တော်ပေ။

ဆေးလုံးဘုံစေတီတွင် စုစုပေါင်း အဆင့် ၁၀ ဆင့် ရှိသည်။ တစ်ဆင့်ချင်းစီသည် ဆေးလုံးတာအိုနယ်ပယ်ကို ရည်ညွန်းထားသည်ဟု ကောလဟာလ ရှိခဲ့ဖူးသည်။ နှစ်စဉ်တိုင်းတွင် ကောင်းကင်ဖွေရှာနန်းတော်၏ ဆေးလုံးဆရာများသည် ဆေးလုံးဘုံစေတီ၏ အင်အားဖြင့် ဆေးလုံးတာအိုတွင် သူတို့၏ အောင်မြင်မှုရရှိရန် ကြိုးစားကြသည် ။ အဆင့်တစ် ဆေးလုံးဆရာများသည် နှစ်ထပ်သို့ ဘယ်သောအခါမှ မတက်လှမ်းနိုင်ကြပေ။ တူညီစွာ အဆင့်သုံးဆေးလုံးဆရာများသည် လေးထပ်သို့ မသွားနိုင်ကြချေ။

တစ်ချိန်တည်းတွင် ဤနေရာက အင်ပါယာငါးခုလုံး၏ ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြု ဘုံ ဖြစ်သည်။

အင်ပါယာငါးခုတွင် ဆေးလုံးဆရာ တစ်ယောက်၏ အရည်အချင်းများကို ဆုံးဖြတ်အကဲဖြတ်ပေးနိုင်သည့် တစ်ခုတည်းသော နေရာကား ကောင်းကင်‌ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီသာ ဖြစ်၏။ သုံးနှစ်တစ်ကြိမ် ဆေးလုံးဆရာ အုပ်စုလိုက်ကြီးက အခကြေးငွေ ပေးချေကြပြီး ဆေးလုံးဘုံစေတီသို့ အသိအမှတ်ပြုလက်မှတ်ရရန် သွားကြသည်။ ဆေးလုံးဘုံစေတီမှ အောင်လက်မှတ်ရထားသော ဆေးလုံးဆရာသည် ဆေးပင်များနှင့် ဆေးလုံးများကို ဝယ်ယူရာတွင် ၉၀ ရာခိုင်နှုန်းအထိ လျော့ဈေး ခံစားနိင်လေသည်။

အဆင့်တူ ဆေးလုံးနှစ်ယောက်တွင် တစ်ယောက်က ဆေးလုံးဘုံစေတီမှ လက်မှတ်ရရှိထားပြီး အခြားတစ်ယောက်က မရရှိထားလျှင် လက်မှတ်မရှိသည့်သူက အခြားတစ်ယောက်ကို အားကျစိတ်ဖြင့်သာ ကြည့်နေရလိမ့်မည်။ လက်မှတ်ရှိသူ ဆေးလုံးဆရာ ဝင်မည့် ရွေပြား အရေအတွက်ကား အဆများစွာ ပိုမြင့်မားလေ၏။

အဝေးမှ မိုဝူကျီသည် ဆေးလုံးဆရာ ရုံတွင် မတ်မတ်မားမားတည်ရှိနေသော ဆေးလုံးဘုံစေတီကို မြင်လိုက်ရလေ၏။ သို့သော်လည်း လက်မှတ်ရာသီ မဟုတ်သည့်အတွက် ဆေးလုံးဆရာရုံတွင် လူအနည်းငယ်သာ ရှိလေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now