အခန်း (၆၄)

1.3K 201 0
                                    


အခန်း (၆၄) : ဆေးလုံးဖော်စပ်ခြင်း အဆင့်ကိုးဆင့်


"သခင်လေး..... သခင်လေး...." မိုဝူကျီက ယန်အာနှင့် နီးကပ်လာသည့်အခါ သူမ၏ ရေရွတ်သံကို ဆက်တိုက်ကြားလိုက်ရ၏။

သူမ မျက်လုံးများကား နုံးချိနေ၍ အဝတ်အစားများသည်လည်း စုတ်ပြတ်နေကာ သူမဆီမှ အနံ့များပင် ထွက်နေလေ၏။ သူမသည် သူမ၏ သခင်လေးကို တမ်းတနေပေမဲ့လည်း မိုဝူကျီကို မမှတ်မိချေ။ သို့သော် ထိုစကားလုံးများက သူမရေရွတ်နေသည့် စကားလုံးများသာ ဖြစ်လေ၏။

"ဂျင်...ဖေး....လန်...." မိုဝူကျီက ထိုစကားသုံးလုံးကို တချိန်တည်း ဒေါသတကြီး ရေရွတ်လိုက်သည်။ ယန်အာကို ခေါ်ဆောင်သွားသည့် အမျိုးသမီးက ဂျင်ဖေးလန်ဖြစ်ကြောင်း သိ၏။ သူမ ခေါ်ဆောင်သွားပြီးနောက်တွင် ယန်အာက ထိုသို့သော လမ်းပေါ်တွင် အဆုံးသတ်ရ၏။ အကယ်၍ သူသာ ထိုအမျိုးသမီးကို မသတ်ပါက သူ့ဘဝတစ်လျှောက်လုံး အချည်းနှီးနေသကဲ့သို့ ဖြစ်နေလိမ့်မည်။

ယန်အာ ခန္ဓာကိုယ်ကား အညစ်အကြေးများနှင့် ဖုံးလွှမ်းနေပြီး သူမ ဆံပင်များပင် ခြောက်ကပ်ကပ် ဝါကျင်ကျင် ဖြစ်နေလေသည်။ မိုဝူကျီက သူမကို ပွေ့ထားလိုက်သည့်အခါ သူမ၏ ကိုယ်အလေးချိန်ကား ၁၀ မှ ၂၀ ကီလိုဂရမ်လောက် လျော့ကျသွားမှန်း သိလိုက်၏။ သူမက များစွာ ခံစားခဲ့ရကြောင်း အလွယ်တကူ သိနိုင်၏။

သူ့နှလုံးသားမှ ဒေါသကြောင့် မိုဝူကျီက လက်သည်းကို လက်ဖဝါးထဲ စူးဝင်မတတ် ဒေါသကြီးစွာ လက်သီးဆုပ်ထားလိုက်သည်။ သွေးများ ထွက်လာသော်လည်း သူက မမှုပေ။

"အခု.... ခင်ဗျားက ယန်အာကို ကန်လိုက်တာလား......" ယန်အာကို ထိန်းကိုင်ထားလိုက်ပြီး မိုဝူကျီက ယန်အာကို ကန်လိုက်သော သူဆီသွားပြီး ပြောလိုက်သည်။

အရင်က သူသည် ယန်အာကို ထပ်၍ ဒုက္ခတရားများကို မခံစားခိုင်းတော့ဟု ကျိန်ဆိုခဲ့၏။ သို့သော်လည်း တိုတောင်းလှသည့် အချိန်အတွင်း သူမက ဉာဏ်မမှီလောက်သည့်အထိ ဖြစ်လာလေခဲ့၏။ သူမကား အိမ်ယာမရှိအဖြစ် အဆုံးသတ်ရုံသာမက သူမကို အကြောင်းပြချက်မရှိ အနိုင်ကျင့်ခံရသေး၏။ ထို့မှသာ သူမ နာကျင်မှု သက်သာနိုင်လေမည်ဆိုလျှင် မိုဝူကျီသည် ယန်အာကြုံတွေ့ခဲ့ရသော နာကျင်မှုအားလုံးကို လွဲပြောင်းယူရန် ဆန္ဒရှိလေ၏။ ထို့အပြင် သူမကား သူ့ကို စောင့်ရှောက်ရင်းဖြင့် ဒုက္ခများစွာ ခံခဲ့ရ၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now