အခန်း (၁၄၂)

1.1K 155 0
                                    


အခန်း (၁၄၂) : သိုလှောင်လက်စွပ်နှင့် ကြေးသော့

ထိုမေးခွန်းသည် အားလုံးကို ကယက်ရိုက်သွားစေကာ မိုဝူကျီလည်း ကြားလိုက်ရ၏။ မိုဝူကျီက တိတ်တဆိတ် စိုးရိမ်နေရင်း အကယ်၍ တစ်ယောက်ယောက်ကသာ အလင်းကျောက်တုံး ထုတ်ပြီ ပစ်ချလိုက်ပါက သူတို့သည် နန်းတော်ကား မီတာ ၁၀၀ လောက်ပင် နက်ကြောင်း သိသွားကြတော့မည်။ ထို့အပြင် အလယ်တွင် ခြေချလို့ ရနိုင်သည့် နေရတချို့ ရှိနေသောကြောင့် အောက်ဆင်းလာဖို့ရာ အန္တရာယ်လုံးဝ မရှိချေ။

မိုဝူကျီက ထိုမီးအိမ်နှင့် တူသည့်အရာများအပေါ် နင်းလျောက်လာပြီး မကြာခင် မြေပေါ်သို့ ရောက်လာတော့သည်။ မြေကြီးက အလွန်မာကျောပြီး အမည်မသိ ပစ္စည်းတစ်ချို့ဖြင့် ဆောက်ထား‌ေလေ၏။ မိုဝူကျီက ပြင်းပြင်းထန်ထန် ကျလာသောအခါပင် အသံလုံးဝ မထွက်ပေ။

နန်းတော်ထဲမှ လေတိုက်နှုန်းက အရမ်းညက်ညာမနေဘဲ အတော်အတန် ခံစားမိ၏။ တတ်နိုင်သမျှ အချိန်တိုအတွင်း မိုဝူကျီက ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပြီး အမည်မသိ နေရာသို့ ဦးတည်ထားသော လမ်းကြောင်း ၂၀ ကျော် ရှိနေသည်။ ခန်းမအလယ်တွင် ကျောက်သား ဒယ်စောက် တစ်ခု ရှိနေ၏။ ကျောက်သား ဒယ်စောက်ဘေးတွင် လူသေကို ချိတ်ဆွဲထားသည်။ မိုဝူကျီ၏ စိတ်ဝိညာဉ် ဆန္ဒဖြင့် ထိုလူသေအလောင်းကား လက်ထဲတွင် ကြေးသော့တစ်ချောင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သော့သည် ၃၀ စင်တီမီတာလောက် ရှည်လျား၏။

မိုဝူကျီက ချက်ချင်းပင် အပြေးအလွား သွားလိုက်ပြီး သော့ကို သူ့သိုလှောင်အိတ်ထဲ ကောက်ထည့်လိုက်တော့သည်။ သူ့နှုန်းက မြန်လွန်းနေသောကြောင့် လူလေအလောင်း၏ ဝတ်ရုံကား လေဖြင့် ဖောင်းပွသွား၏။

မိုဝူကျီက သူ့အမြန်ဆုံးနှုန်းဖြင့် လူသေအနားမှ အမြန်ခွာလိုက်တော့သည်။ ထိုစဉ် များစွာသော အလင်းကျောက်များ ပြုတ်ကျလာကြပြီး နေ့အခါကဲ့သို့ ထိန်ထိန် လင်းသွားတော့သည်။

"မိတ်ဆွေတို့ ဒီအောက်မှာ အန္တရာယ်ကင်းတယ် ... အားလုံး ဆင်းလာလို့ ရတယ်...." မိုဝူကျီက ခေါင်းကို မော့ရင်း အော်ပြောလိုက်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now