အခန်း (၁၇၂)

1.1K 152 0
                                    


အခန်း (၁၇၂) : စက်ဆုပ်ဖွယ် တီကောင်များ

မိုဝူကျီ စိတ်ထဲ လေးလံသွားလေသည်။ သိုလှောင်အိတ်ကို လိုချင်ခြင်းက ဓားပြတိုက် လုယက်နေသည်ပဲ မဟုတ်ပေဘူးလား ...

သူလက်ဖြင့် သိုလှောင်အိတ်ကို ချက်ချင်း ကာထားလိုက်သည်။ သူက ဝိညာဉ်လမ်းကြောင်း အဆင့် ၁၀ တွင် ရှိနေစဉ်က စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့် နှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ ယခု သူက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၁၂ သို့ ရောက်ရှိနေသောကြောင့် ထိုလူများနှင့် ဖြေရှင်းဖို့ များစွာ မခက်ခဲလောက်ချေ။

"ညီလေး (၂) အလျှင်မလိုပါနဲ့ ... တခြားတစ်ယောက်ရဲ့ သိုလှောင်အိတ်ကို ဝယ်ချင်တာက သူ့ဆီက လုယက်တယ်လို့ ထင်နေမှာပေါ့ ...." နောက်ထပ် အမျိုးသားက လမ်းလျှောက်လာရင်း ပြောလိုက်သည်။ ထိုအမျိုးသားက အရပ်အတော်အတန် ရှည်ကာ မျက်နှာတွင် ထင်ရှားသည့် အမာရွတ်ရှိသည်။

ပြောပြီးနောက်တွင် အမျိုးသားက မိုဝူကျီကို ရိုရိုသေသေ ဦးညွတ်လိုက်ပြီး "မိတ်ဆွေ ကျူပ်တို့က လက်နက်ပစ္စည်း ထုတ်လုပ်ဖို့ သတ္တုတွေကို တွေ့ထားလို့ သိုလှောင်အိတ်ကို အရေးတကြီး လိုအပ်နေတာ ၊ ကျုပ်တို့က တစ်ယောက်ယောက်ဆီက လုယူဖို့ မရည်ရွယ်ထားပါဘူး၊ အဲဒါကြောင့် စိတ်ချနေပါ .. ကျုပ်တို့က ဈေးကောင်းပေးမှာပါ ..."

သူက ထိုအမျိုးသား စကားများကို ကြားသောအခါ မိုဝူကျီက ထိုလူများက တစ်နေရာရာတွင် ရတနာ တွေ့ခဲ့ကြောင်း သိလိုက်သည်။ သူတို့ သိုလှောင်အိတ်များက ပြည့်နေပြီ ဖြစ်သော်လည်း ထိုရတနာများကို ချန်ရစ်မထားနိုင်ပေ။ ထို့ကြောင့် သိုလှောင်အိတ်ကို အလိုရှိနေခြင်း ဖြစ်သည်။

မိုဝူကျီက ပြန်ဖြေလိုက်သည် "ကျုပ် သိုလှောင်အိတ်ကလည်း ပြည့်နေပြီ ... "

"ရတယ်လေ ခင်ဗျားပစ္စည်းတွေကို ထုတ်လိုက်၊ ကျုပ်တို့က သိုလှောင်အိတ်ပဲ လိုတာ ... " အရပ်ရှည်ရှည်လူက ပြုံးရင်း ဆက်ပြောလိုက်သည်။ သို့သော် မိုဝူကျီ အသံက အေးစက်လာကာ "ခင်ဗျားတို့က ပစ္စည်းသိမ်းဖို့ သိုလှောင်အိတ်ကို လိုတာဆိုတော့ ခင်ဗျားတို့ဆီကို သိုလှောင်အိတ် ရောင်းပြီး ကျုပ်က လက်ဗလာနဲ့ သယ်ရမှာလား .."

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now