အခန်း (၁၈၃)

1.1K 139 0
                                    


အခန်း (၁၈၃) : မိုဝူကျီ၏ မာနသိက္ခာ

"အာ ... ဂျုနီယာမောင်လေးမို ..." ချိန်စုယင်က တံခါးတွင် မိုဝူကျီကို မြင်လိုက်ရသည့်အတွက် သူမ မျက်နှာတွင် ကသိကအောက် အမူအယာ ပေါ်လာလေသည်။

မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် "စီနီယာအစ်မချိန်အတွက် ဂုဏ်ယူပါတယ်။ စီနီယာအစ်မ လျှပ်တပြက် လျှပ်စီးကို သင်ယူတတ်မြောက်ခဲ့ပြီ မလား ... "

ချိန်စုယင်က ပို၍ ရှက်ရွှံ့လာလေသည်။ သူမက အမှန်ပင် လျှပ်တပြက် လျှပ်စီးကို သင်ယူတတ်မြောက်ခဲ့လေ၏။ သူမက မိုဝူကျီကို မရှာနိုင်ခဲ့သည့် ပြီးပြည့်စုံသော အကြောင်းအရင်း တချို့ ရှိလေသည်။ ထိုအကြောင်းမှာ မိုဝူကျီက တံခါးပိတ် ကျင့်ကြံနေ၍ မဟုတ်သလို သူမဖက်က ပျံသန်းရေး ရတနာကို လက်မလွတ်ချင်၍လည်း မဟုတ်ပေ။ ထို့အစား သူမက လျပ်တပြက် လျှပ်စီးကို ကျင့်ကြံနေရာ၌ စိတ်နှစ်သွားလို့ ဖြစ်လေသည်။ သူမက လျှပ်တပြက်လျှပ်စီးကို ပထမဆုံး သင်ယူတတ်မြောက်စဉ်က သူမက ချက်ချင်းပင် အခြခံ လျှပ်စီးအခန်းဆီ သွားခဲ့သည်။ မိုဝူကျီ ပြောထားသည့်အတိုင်း လျပ်တပြက် လျှပ်စီးသည် လျှပ်စီးတိုက်ခိုက်ခြင်းကို အခြေခံထားတာ မဟုတ်ဘဲ လျှပ်စီးသဘာဝဓာတ်များကို စုပ်ယူနိုင်စွမ်းရှိသည့် ပညာရပ် တစ်ခု ဖြစ်လေသည်။

လဝက်အတွင်း သူမက အခြေခံ လျှပ်စီးအခန်းမှ အလယ်အလတ် လျှပ်စီးအခန်းသို့ အဆင့်တက်သွားနိုင်ခဲ့သည်။ သူမက အလယ်အလတ် လျှပ်စီးအခန်းနှင့် အပြည့်အဝ လိုက်လျောညီ‌ထွေ မဖြစ်သေးသော်ငြား သူမက ထူးခြားရေခဲသဘာဝ ဝိညာဉ်ကြောကြောင့် သူမက လေ့ကျင့်ရာ၌ အခက်အခဲများစွာ မကြုံခဲ့ရပေ။

စိတ်နှစ်မှုတွင် သူမက သူမနာမည်ပင် မေ့လျော့သွားခဲ့သည်။ ပုံမှန်အားဖြင့် မိုဝူကျီနှင့် အပေးအယူကား သူမ စိတ်ထောင့်တစ်နေရာသို့ လွင့်ပစ်သွားမိလိုက်သည်။ သူမက မိုဝူကျီသည် တံခါးတွင် စောင့်နေသည်ကို မြင်သောအခါ သူမက မိုဝူကျီသည် ပျံသန်းရေး ရတနာ လာတောင်းကြောင်း တွေးမိလိုက်သည်။

ချိန်စုယင်က ပျံသန်းရေး ရတနာကို အလျှင်အမြန် ထုတ်ယူလိုက်သည်။ သူမက အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော်လည်း သူမက မိုဝူကျီကို ပျံသန်းရေး ရတနာအား လှမ်းပေးလိုက်သည် "ဂျုနီယာမောင်လေးမို ဒါက အတော်လေး ကောင်းတဲ့ ဝိညာဉ်ပစ္စည်းပါ။ ငါတောင် ငါ့ဆရာအကူအညီကြောင့် ဒီလိုပစ္စည်းကို ပြုလုပ်နိုင်ခဲ့တာ ... တကယ်လို့ ရှင်က အသုံးမပြုသေးနိုင်ဘူးဆိုရင် ယွမ်ဒန်အဆင့် ရောက်တဲ့အထိ စောင့်သင့်တယ် .. "

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now