အခန်း (၁၁)

2.4K 344 0
                                    


လူသားသစ္စာ

အခန်း (၁၁) : မင်းသာရှိရင်

လုကျိုးကျွင်းနှင့် စာချုပ်ချုပ်ဆိုပြီးသည့်နောက်တွင် မိုဝူကျီသည် စမ်းသပ်ခန်းအတွင်းတွင် ထပ်၍ မနေတော့ချေ။ သူသည် စက်များကို ကြည့်လိုက်ပြီး သူတို့အလုပ်လုပ်ပုံကို အကြမ်းဖျင်း နားလည်သွားသည်။

ဤနေရာတွင် စက်များသည် အရေအတွက်နည်းရုံသာမက သူတို့ကို ကောင်းစွာ ထိန်းသိမ်းထားလေသည်။ သို့သော်လည်း ထိုစက်များသည် ကမ္ဘာမြေက စက်များနှင့် အလှမ်းကွာလွန်း၏။ အရင်စမ်းသပ်ခန်းတွင် သူသည် ပမာဏအတိအကျကို ပေါင်းစပ်၍ တိုက်ရိုက်ဖော်စပ်နိုင်သည်။ ဤနေရာတွင် ထိုသို့မဖြစ်နိုင်လောက်ပေ။

မိုဝူကျီသည် ဂရုမစိုက်ချေ။ သူ့အရင်ဘဝတွင် ချီသွေးကြောများ ကျယ်ပြန့်လာရန် ပေါင်းစပ်ဖော်စပ်နိုင်ခဲ့သည်က မတော်တဆ မဟုတ်ခဲ့ချေ။ ထိုစက်များ မပါရှိလျှင်ပင် သူ့၏ စမ်းသပ်မှု ထောင်ချီဖြတ်သန်း၍ ရရှိလာသော ကျွမ်းကျင်မှုများနှင့် ဖြေဆေးကို ပြန်လည်ဖော်စပ်နိုင်လိမ့်မည်။ ယခုတွင် ဤစက်များနှင့် လုပ်ဆောင်ရန် ပို၍ပင် ယုံကြည်ချက်ရှိလာခဲ့သည်။

ထိုမိန်းမသည် သူ့အပေါ် ကြံစည်သည့်အကြောင်းပြချက်သည် အရေးမပါတော့ပေ။ သူမသည် သူ့၏ ထုတ်ဖော်ရေး လုပ်ဆောင်နည်းနှင့် ဖြေဆေးပေါင်းစပ်မှုကို ရရှိနိုင်မည် မဟုတ်။ အကြောင်းရင်းသည် သူ့နည်းလမ်းသည် တိကျသည့် မျိုးစပ်များ ပေါင်းစပ်မှုတွင် အခြေခံထားသည်မဟုတ်ဘဲ ဖော်စပ်ရေးတွင် ဖြစ်၏။ ထို့အပြင် သူသည် များပြားလှစွာသော အရေးပါသော အချက်အလက်များနှင့် တချို့ အရေးပါသော အပင်များ၏ အဆီအနှစ် ပမာဏများကို သိမ်းဆည်းမထားခဲ့ချေ။ အရာအားလုံးသည် သူ့စိတ်ထဲတွင် မှတ်သားထားလေသည်။

ထိုအပင်အဆီအနှစ်ပမာဏမရှိလျှင် ဖြေဆေးသည် ပုံမှန်အတိုင်းဖြစ်လေ၏။ ထိုအရာများကို ထပ်၍ ပေါင်းထည့်မှသာ မော်လီကျူး တည်ဆောက်ပုံ တစ်ခုလုံး ပြောင်းလဲသွားပြီး ဗီဇလက္ခဏာ(ဒီအန်အေ) စမ်းသပ်မှုပင် ပရမ်းပတာဖြစ်သွားလေသည်။ စမ်းသပ်မှုတစ်ခုချင်းစီ၏ ရလဒ်သည် အမြဲမတူညီချေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now