အခန်း (၁၂၂)

1.1K 155 0
                                    


အခန်း (၁၂၂) : ကိစ္စများက မတည်မြဲပေ

"ဘန်း.." မိုဝူကျီ သန့်စင်ခြင်း ပြီးသွားပြီး ခဏအကြာတွင် မောင်းသံ ကြားလိုက်ရ၏။ ထိုမောင်းသံကား မိုဝူကျီဘေးနားမှ တီးလိုက်သည့်အလား မိုဝူကျီ ဦးနှောက်ထဲတွင် အသံလှိုင်းများ ထပ်ခါထပ်ခါ ဖြစ်ပေါ်သွားသည်။

ထိုစဉ် မိုဝူကျီက တူးနံ့ ရလိုက်သည်။ ထိုမောင်းသံကြောင့် မပြီးသေးသော ဆေးလုံးဆရာအချို့သည် ချက်ချင်းပင် ကျရှုံးသွားရ၏။ မိုဝူကျီက တိတ်တဆိတ် အောင်ပွဲခံမိသွားကာ ကံကောင်းစွာဖြင့် သူသည် သန့်စင်ခြင်းကို အချိန်မှီ ပြီးစီးခဲ့သည်။ ဒုတိယအကြိမ် သန့်စင်ဖို့ရန် မကြိုးစားခဲ့သည်မှာလဲ ကံကောင်းပေသည်။ မဟုတ်လျှင် သူလည်း အဆုံးသတ် ဖြစ်သွားလောက်ချေပြီ။

ဤဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲက ဆေးလုံးဆရာများ၏ ခံစားချက်များနှင့် အမူအယာများကို ဂရုမစိုက်ပေ။ ကျန်ရှိ ဆေးလုံးဆရာများကို ရိုင်းစိုင်းသည့် အမူအယာများဖြင့် ရပ်တန့်ခိုင်းလိုက်သည်။

နောက်တစ်ကြိမ် မင်နင်က စင်မြင့်ထက် လျှောက်လှမ်းလာပြီး ရှင်းရှင်းလင်းလင်း ကြေငြာလိုက်သည် "အချိန်ပြည့်သွားပါပြီ ဆေးလုံးဆရာများက သူတို့ရဲ့ ဆေးပြင်းမီးဖိုကို ကာထားပြီးတော့ ကျောက်စိမ်းပုလင်းကို မီးဖိုထိပ်မှာ တင်ပေးထားပါ..."

သူမက ဆေးလုံးဆရာများကို ရပ်တန့်ဖို့ပင် မပြောပေ။ မောင်းသံ မည်လာသည်နှင့် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နေကြသော ဆေးလုံးဆရာများမှာ ချက်ချင်း ကျရှုံးသွားလေ၏။

မိုဝူကျီက မီးဖိုကို ဖုံးထားလိုက်ပြီးတော့ ကျောက်စိမ်းပုလင်းကို မီးဖိုထိပ်ဆုံးတွင် တင်ပေးထားလိုက်သည်။ ဆေးလုံးသခင် မင်နင်၏ အကြည့်က သူ့ညာဘက်လက်သို့ ရောက်လာသည်ကို သတိပြုမိသော်လည်း စိတ်ထဲမထားပေ။

မိုဝူကျီ ဘေးမှ ဆေးလုံးဆရာများက သူ့အား ကျိတ်မရယ်ဘဲ မနေနိုင်ကြတော့ချေ။ သန့်စင်ခြင်းကြောင့် လက်အခြေအနေ ထိုမှျ ဖြစ်သွားသည့် ဆေးလုံးဆရာကို ပထမဆုံး မြင်ဖူးတာ ဖြစ်ကြသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now