အခန်း (၁၄၉)

1.1K 145 0
                                    


အခန်း (၁၄၉) : လက်ပတ် မပါရှိသော မိုဝူကျီ

"ဟားဟား ... ဝူကျီ " ကျန်းရှောက်ရုက မိုဝူကျီ ရောက်လာသည်ကို မြင်ပြီး ဟက်ဟက်ပက်ပက် ရယ်မောကာ ကြိုဆိုနှုတ်ဆက်လိုက်သည်။

ကျန်းရှောက်ရုနှင့် တိုက်ခိုက်နေသော ကျင့်ကြံသူက ရန်သူဘက်က အကူရောက်လာသည်ကို မြင်၍ နှေးကျသွားသည်။ မိုဝူကျီ၏ ဝိညာဉ်စွမ်းအားက သာမာန်ကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရ၍ သူက စိတ်အေးမိသွား၏။ မိုဝူကျီ၏ ကျင့်ကြံဆင့်သည် သေချာပေါက် စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့်သို့ မရောက်သေးပေ။ သူ့အရည်အချင်းများက သာမာန်ဖြစ်သည့်အတွက် စိတ်ပူနေစရာ မလိုပေ။

"ညီလေးမို ဒါက မင်းမိတ်ဆွေလား.." ဟော်ယွီချန်က မိုဝူကျီ နောက်မှ လိုက်လာကာ မေးလိုက်သည်။

ဟော်ယွီချန်နောက်တွင် ချူဝမ်အာနှင့် ယွီကျီတို့ပါ လိုက်ပါလာကြသည်။ မိုဝူကျီကို စိတ်ပူစရာမလိုဘူးဟု တွေးနေသော ကျင့်ကြံသူသည် ချက်ချင်းပင် အမူအယာ ပြောင်းလဲသွား၏။

ဟော်ယွီချန်က အရမ်းကို နာမည်ကြီး ကျော်ကြားလှ၍ ထိုလူက တန်းသိလိုက်သည်။ ဟော်ယီချန်လက်ထဲတွင် သူက စက္ကန့်ပိုင်းလေးအတွင်း သေဆုံးသွားနိုင်သည်။ ဟော်ယွီချန်နောက်မှ ပါလာသော နှစ်ယောက်လည်း မရိုးရှင်းကြပေ။ ထိုအုပ်စုနှင့် ကျန်းရှောက်ရုတို့ ပေါင်းလိုက်လျှင် ဤနေရာတွင် ဆက်နေနေခြင်းက သူ့အတွက် သေခြင်းတရားကို လက်ယက်ခေါ်သည့်အလား ဖြစ်နေလိမ့်မည်။

မိုဝူကျီက ဟော်ယွီချန် မေးခွန်းကို မဖြေခင် ကျင့်ကြံသူက နောက်ဆုတ်ကာ ချက်ချင်းပင် လှည့်၍ ထွက်ပြေးသွားတော့သည်။

တစ်ယောက်မှ သူ့နောက် လိုက်မသွားကြပေ။ မိုဝူကျီက ကျန်းရှောက်ရုကို အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။

ကျန်းရှောက်ရု၏ ကြောင်တောင်တောင် စရိုက်က ထွက်ပေါ်လာကာ သူက ထွက်ပြေးသွားတဲ့ ကျင့်ကြံသူကို ကြည့်ကာ အားရပါးရ ပြုံးလိုက်ရင်း "ဝူကျီ ငါတော့ ဒီတခါ အချီကြီးမိခဲ့တယ်....."

ထွက်ပေါက်နား နီးနေသော်လည်း လူများစွာ ရှိနေကြသည့်အတွက် မိုဝူကျီက ပြန်ဖြေလိုက်ရသည် "ရှောက်ရု ငါတို့ ထွက်သွားပြီးမှ ပြောရအောင်လေ..."

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now