အခန်း (၅၃)

1.4K 201 0
                                    


အခန်း (၅၃) : ကျင့်ကြံခြင်း အစ


အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ရှက်စွာ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြန်ဖြေလိုက်သည် "အရေးတကြီး ကိစ္စပေါ်လာလို့ ချန်လောင်ကနေ အခု ထွက်မသွားနိုင်သေးဘူး ပြီးတော့ နေစရာတခြားနေရာလဲ ရှာမတွေ့လို့"

မိုဝူကျီက စိတ်မချစွာ ပြန်ပြောလိုက်လေ၏ "မင်း နေစရာ ရှာမတွေ့တာတော့ စိတ်မကောင်းပါဘူး ဒါပေမဲ့ ကျွန်တော်က ဒီအခန်းက ထွက်ပေးမှာ မဟုတ်ဘူး....."

သူသည် မကျင့်ကြံနိုင်သေးသော်ငြား သူသည် ကျင့်ကြံနည်းများကို သိရှိရန် ကြိုးစားရန် ဆုံးဖြတ်ထားလေ၏။ ဤနေရာကား သူ့အတွက် ကျင့်ကြံရန် သင့်တော်သော နေရာ ဖြစ်ပေ၏။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကား လက်တားပြကာ ပြောလိုက်သည် "ရှင်ထွက်ပေးဖို့ မလိုပါဘူး....ဒီအခန်းက လူနှစ်ယောက် ကောင်းကောင်းနေလို့ရပါတယ်..... ဧည့်ခန်းရဲ့ ဘယ်ဘက်မှာ အခြားအခန်းတခု ပါသေးတယ်လေ"

မိုဝူကျီသည် သူမရည်ညွှန်းသော အခန်းကို သတိပြုမူ၏။ မနေ့ညက သူအခန်းကို ပြန်ရောက်ရောက်ချင်း အိပ်မောကျသွားကာ မနက်ခင်းကျ စောစောထွက်သွားမိ၏။ သူ ပြန်ရောက်သောအခါ ကျင့်ကြံခြင်းနှင့် အလုပ်ရှုပ်နေသည့်အတွက် ထိုအခန်းထဲ ခြေမချမိသေးပေ။

ထိုအခန်းနှစ်ခန်း ဖွဲ့စည်းမှုကား အမှန်ပင် ရွှေပြား နှစ်သောင်း တန်ပေ၏။

မိုဝူကျီကား သူမကို မကူညီချင်၍ မဟုတ်ပေ။ သို့သော် ဤအခိုက်အတန့်ကား သူ့အတွက် အသက်တမျှ အရေးကြီးနေလေသည်။ အကယ်၍ သူသည် ကျင့်ကြံဖို့ မကြိုးစားပါက သူမအား လိုလိုလားလား နေခွင့်ပေးလိမ့်မည်။ သို့သော် သူကျင့်ကြံနေစဉ်တွင် သူမက သူ့ကျင့်ကြံခြင်းအား နှောင့်ယှက်ပါက ကျေနပ်နိုင်မည် မဟုတ်ပေ။

မိုဝူကျီ၏ တွန့်ဆုတ်တွေဝေမှုကို သတိပြုမိကာ အမျိုးသမီးသည် အလျှင်အမြန်‌ ပြောလိုက်သည် "စိတ်မပူပါနဲ့...... ရှင် ကျင့်ကြံနေတုန်း မနှောင့်ယှက်ပါဘူး.... ပြီးတော့ ရှင် နားမလည်တဲ့ နေရာတချို့ကို ကျွန်မ ကူညီပေးနိုင်သေးတယ်......"

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now