အခန်း (၁၃၅)

1.1K 143 2
                                    


အခန်း (၁၃၅) : ကြီးမားဖွယ် တုန်လှုပ်မှု

မြူများဖြင့် ပြည့်နေသည့် လှိုဏ်ခေါင်းအတွင်းသို့ ဝင်သွားလိုက်ပြီး မိုဝူကျီက သူ့ခန္ဓာကိုယ်ဆီ မရေတွက်နိုင်သည့် အပ်များဖြင့် ထိုးဆွနေသကဲ့သို့ ခံစားလိုက်ရသည်။ သူနှင့်အတူ ဝင်လာသော ကျင့်ကြံသူများလည်း အတော်အတန် နှေးသွားကြသည်ကို သတိပြုမိလိုက်သည်။

ထိုအပ်စူးသကဲ့သို့ နာကျင်မှုကား မိုဝူကျီအပေါ် သက်ရောက်မှု ရှိသော်လည်း စွမ်းအားများ လှည့်ပတ်လိုက်မည့်အစား ခြေလှမ်းကိုသာ အရှိန်တင်လိုက်သည်။ နာကျင်မှု ဝေဒနာများက သူတွေ့ကြုံရတာ များလှသည့်အတွက် ထိုမျှနာကျင်မှုသည် လက်ရှိတွင် ကျင့်ကြံဆင့် အနိမ့်ဆုံး ဖြစ်နေသည့် သူ့အတွက် သက်ရောက်မှု မရှိတော့ပေ။ အကယ်၍ သူက စွမ်းအားများကို လှည့်ပတ်ကာ နာကျင်မှုကို တောင့်ခံနေလျှင် လှိုဏ်ခေါင်းမှ နောက်ဆုံးမှ ထွက်နိုင်သူ အဖြစ် အဆုံးသတ်သွားလိမ့်မည်။

မိုဝူကျီက နာကျင်မှုကို ပြန်မတုံ့ပြန်ရုံ သာမက ခြေလှမ်းကိုလည်း အရှိန်တင်လိုက်ကာ ကျင့်ကြံသူများကို ကျော်တက်လိုက်တော့သည်။ သူတို့အမြင်တွင် မိုဝူကျီကို အဆင့်မြင့် ကျင့်ကြံသူဟု ထင်နေကြကာ မိုဝူကျီ သူတို့ဆီ လျှောက်လာသည့်အခါ သူ့အတွက် အလျှင်အမြန် လမ်းဖယ်လိုက်ကြသည်။

ထိုစဉ် မိုဝူကျီ ရုတ်တရက် မြင်လိုက်ရသည့် မြင်ကွင်းက ပိုမိုကျယ်ပြန့်လာလေသည်။ အရိပ်များစွာကို မြင်လိုက်ရသောကြောင့် သူက လှိုဏ်ခေါင်းမှ ထွက်လာပြီး ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲသို့ ရောက်ရှိလာကြောင်း သိလိုက်သည်။

မြူများရှိနေဆဲ ဖြစ်သော်လည်း ယခင်ကထက် လျော့ပါးသွားလေပြီ။ အဝေးတွင် တောတောင်များရှိနေကာ ကြောက်မက်ဖွယ် အငွေ့အသက်ကို ပေးစွမ်းနေသည်။ သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအားများက မိုဝူကျီကို အံ့အားသင့်သွားစေသည်။ ဤနေရာတွင် အဖိုးတန်လှသော ဝိညာဉ်ဆေးပင်များ စုစည်းနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် အဝင်ဝ၌ပင် ဝိညာဉ်စွမ်းအားက သိပ်သည်းလွန်းနေလေပြီ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now