အခန်း (၂)

6.4K 490 0
                                    


အခန်း (၂) : အသက်ရှင်နေထိုင်ဖို့ရန် ခက်ခဲလှသည်


မိုဝူကျီသည် ယန်အာကို မတ်တပ်ရန်ဖို့ရန် မကူညီပေးခဲ့ချေ။ သူသည် မိုရှင်းဟယ် ရူးသွပ်ပြီးသွားသည့်နောက်တွင် ယန်အာဖြတ်သန်းခဲ့ရသည့် များပြားလှသည့် ဆင်းရဲဒုက္ခများနှင့် ဖိအားများကို ခံစားနိုင်သည်။ ဤအခိုက်အတန့်တွင် သူသည် အဝေးမှာရှိသော အဆောက်ဦးမြင့်များ၏ အရိပ်များကိုသာ ကြည့်နေရင်း တိတ်တဆိတ် လက်သီးဆုပ်မိလိုက်သည် "အောက်ခြေမှ ပြန်စတင်ရလျှင်ပင်.... ဘာမှားနေမှာလဲ...."

ဒီကမ္ဘာတွင် ဘုရင်စနစ်ကိုကျင့်သုံးကြပေမဲ့လည်း သိပ္ပံပညာနှင့် နည်းပညာအဆင့်တန်းသည် ကမ္ဘာမြေနှင့် တူညီလှပေ၏။ အများသုံးပို့ဆောင်ရေးစနစ်များနှင့် လျှပ်စစ်ပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများလည်း ရှိသည်။ သူအသက်မရှင်နိုင်မှာကို အဘယ်ကြောင့် ကြောက်ရွံနေရမည်နည်း.......

"ယန်အာ..... အရင် ပြန်ကြစို့....." မိုဝူကျီသည် အဆောက်ဦးများကို ကြည့်ရင်းဖြင့် ပြောလိုက်ပြီး စိတ်နဲ့ကိုယ်နဲ့မကပ်သည့် ယန်အာကို ဆွဲထူလိုက်သည်။

သူသည် ကမ္ဘာတွင် ပြန်လည်မွေးဖွားလာလျှင်ပင် သူသည် မြောက်ဖက်ပိုင်း ချင်စီရင်စုကို ပြန်သိမ်းယူဖို့ရန် မလုပ်ဆောင်နိုင်လောက်ချေ။

သူသည် ဘုရင်အဖြစ် အိမ်မက်ထားရန် မဖြစ်နိုင်ကောင်း မဖြစ်နိုင်သော်လည်း မိုဝူကျီသည် ဒီနေရာတွင် တစ်နေရာစာ ခြေကုပ်မိလိမ့်မည်ဟု ယုံကြည်ချက်ရှိလေ၏။ ထို့အပြင် သူသည် အရင်အတိတ်တွင် ထိပ်တန်း ဇီဝဗေဒနှင့် ရုက္ခဗေဒပညာရှင် ဖြစ်၏။ သူသည် အပင်များမှ အဆီအနှစ်များမှ ထုတ်ယူ၍ အမျိုးမျိုးရောနှောကာ ချီသွေးကြောများကို ကျယ်ပြန့်လာစေနိုင်မည့် ဆေးကို တီထွင်နိုင်ခဲ့သည်။ ထိုအရာသည် သူ့ချစ်သူက သူ့အပေါ်တွင် သစ္စာဖောက်ခြင်း ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူသည် ဤနေရာတွင် ပြန်လည်မွေးဖွားလာရခြင်း ဖြစ်၏။

သူသည် သူ့ဖြေဆေး၏ တန်ဖိုးကို သေချာ မသတ်မှတ်ရသေးချေ။ မကြာခဏဆိုသလို တရုတ်တိုင်းရင်းဆေးများတွင် ညွှန်းဆိုလေ့ရှိကြပေမဲ့ ချီသွေးကြောများတည်နေရာသည် မှုန်ဝါးဝါးနေရာတွင် ရှိလေ့ရှိသည်။ တကယ့်လက်တွေ့တွင် လူဘယ်လောက်များများက ချီသွေးကြောများတည်ရှိကြောင်းကို သုတေသနစာတမ်းများဖြင့် သက်သေပြပြီးကြပြီလဲ.....

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now