အခန်း (၆၂)

1.4K 196 0
                                    


အခန်း (၆၂) : နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံ

အပြန်ခရီးကား အရမ်းကို တိတ်ဆိတ်လှ၏။ သူတို့သည် လျှပ်စီးမိကျောင်းနှင့် မဆုံတွေ့သောကြောင့် မိုဝူကျီအား စိတ်ဓာတ်အနည်းငယ် ကျသွားစေ၏။ သူ့တွင် ဆေးပုလင်း ခုနှစ်ပုလင်း လက်ဝယ်ကျန်ရှိသေး၏။ အကယ်၍ သူတို့သာ လျှပ်စီးမိကျောင်းနှင့် ဆုံတွေ့ခဲ့ပါက သူသည် ချီသွေးကြော ၃၀ ခုထိ ဖွင့်နိုင်ရန် မျှော်မှန်းထား၏။

နှစ်ရက်အကြာတွင် မိုဝူကျီနှင့် တင်းဘူအာတို့သည် ထျန်းလော်ဟိုတယ်သို့ ပြန်ရောက်လာကြ၏။ သူတို့ ပြန်ရောက်သည့်အခါ ရှန်းလျဲ့ကို မတွေ့သေးချေ။ မိုဝူကျီသည် ကျင့်ကြံရန် ရှိပြီး ရှန်းလျဲ့ကား အင်မော်တယ် ဖြစ်သည့်အတွက် တင်းဘူအာသည် ဧည့်ခန်းတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်လေသည်။

မိုဝူကျီက တင်းဘူအာ အား ဟိုဟိုဒီဒီ လိုက်မပြနိုင်ချေ။ သူသည် ချီသွေးကြော ၂၇ခုကို ဖွင့်ပြီးခါစ ဖြစ်သည့်အတွက် ကျင့်ကြံရန် အချိန်ပိုလိုအပ်လေ၏။

မိုဝူကျီက ဝိညာဉ်စွမ်းအားများကို စုပ်ယူ၍ ခန္ဓာကိုယ်အတွင်း စတင် လှည့်ပတ်သောအခါ သူသည် အံ့ဩတကြီး ဖြစ်သွားလေသည်။ သူသည် ဝိညာဉ်စွမ်းအားများကို မည်မျှပင် စုပ်ယူစေကာမူ ပင်လယ်ထဲသို့ ကျရောက်လာသည့် ရေစက်ပမာ ဖြစ်နေကာ သူ့ကျင့်ကြံခြင်းတွင် အတားအဆီး သို့မဟုတ် ပိတ်ဆို့မှုလဲ ရှိမနေချေ။ ဝိညာဉ်လမ်းကြောင်း အဆင့်တစ်သို့ ရောက်ရှိရန် ကျင့်ကြံစဉ်က သူသည် အတားအဆီးပိတ်ဆို့မှုကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ သို့သော်လည်း သူ့၏ ၂၇ခုသော ချီသွေးကြောများနှင့် စွမ်းအားများကို စုပ်ယူ၍ ဆက်တိုက်ကျင့်ကြံပါက သူ့ချီသွေးကြောများသည် ဝိညာဉ်စွမ်းအားများကို သယ်ဆောင်ထားနိုင်မည့် စွမ်းအင်ရှိလာမည်ဟု ခံစားမိလေ၏။

သူသည် စွမ်းအားများကို ဆက်တိုက် စုပ်ယူသောကြောင့် သူကျင့်ကြံခြင်းကား အဆက်မပြတ် တိုးတက်လာလေ၏။ မိုဝူကျီက ကျင့်ကြံခြင်းတွင် ပါရမီရှင်များကို မတွေ့ဖူးသော်လည်း ထိုပါရမီရှင်များပင် စွမ်းအားများကို သူကဲ့သို့ မြန်မြန် မစုပ်ယူနိုင်လောက်ချေ။ သူ့ချီသွေးကြော ၂၇ခုသည် ကျယ်ပြန့်လာပြီး သူလွတ်လပ်စွာ ကူးနိင်သည့် ပင်လယ်သဖွယ် ဖြစ်လာလေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now