အခန်း (၉၆)

1.2K 184 0
                                    


အခန်း (၉၆) : ယန်ချင်ယင်၏ ရည်ရွယ်ချက်

"သေချာကြည့် ကြည်ပါဦး ..." မိုဝူကျီ၏ ကြောင်တောင်တောင် ရုပ်ကို မြင်၍ ယန်ချင်ယင်က ရေညှိတက်နေသော ဓားရိုးကို တခေါက် ထပ်ညွှန်ပြလိုက်၏။

မိုဝူကျီက ယန်ချင်ယင် ဘာကို အလိုရှိမှန်း နားမလည်ချေ။ သူက ဓားရိုးကို လက်နှင့် စမ်းလိုက်ကာ အံ့ဩတကြီး မေးလိုက်လေသည် "စီနီယာ အစ်မယန် ဒီဓားက ဟိုဓားကျိုးရဲ့ နောက်တပိုင်းလား စီနီယာ အစ်မက ကျွန်တော့်ကို ဓားတစ်ချောင်းလုံး ဖြစ်သွားအောင်လို့ လက်ဆောင်ပေးဖို့ ယူလာတာလား....."

ယန်ချင်ယင်က နေရခက်စွာ ပြန်ဖြေလိုက်လေသည် "ဒါက ဓားချောက်ကမ်းပါးက သံစဉ်ခြွေ ဓားရဲ့ နောက်တပိုင်းပဲ ငါ့မှာ သံစဉ်ခြွေဓား လျို့ဝှက်ပညာရပ်ကို ရပြီးတော့ ဒီသံစဉ်ခြွေဓားကို လိုချင်လာတယ် ဂိုဏ်းခေါင်းဆောင်က ငါ့ကို ဓားရိုးကို ယူခွင့်ပြုလိုက်တာနဲ့ ဒီကိုလာပြီး ဂျူနီယာမောင်လေးမိုဆီက အရှက်မဲ့စွာနဲ့ နောက်တစ်ပိုင်းကို လာတောင်းခံတာပါ...."

ယန်ချင်ယင်က မိုဝူကျီ၏ အကူအညီများနှင့် ယှဉ်လျှင် သူမ အကူညီကား ဘာမှ မဟုတ်သည့်အတွက် အားနာနေလေ၏။

ပထမတွင် မိုဝူကျီက သူမ အသက်ကို ကယ်တင်ခဲ့လေသည်။ ဒုတိယတစ်ခုအနေနှင့် သူမသည် အကျိူးကျေးဇူး ပိုမို ရရှိရန် မိုဝူကျီနှင့် သဘောတူညီချက်ကို ချိုးဖောက်ခဲ့မိ၏။ သူမက မိုဝူကျီကို ထိုဓားကျိူး ပေးလိုက်သော သူ ဖြစ်သော်လည်း ယခုအခါ မိုဝူကျီထံ ပြန်လာတောင်းနေမိလေ၏။

မိုဝူကျီက ချက်ချင်း ပြန်၍ မပြောခဲ့ပေ။ သူသည် ယန်ချင်ယင်စကားများ က ထူးဆန်းနေကြောင်း သတိထားမိ၏။ သဘောတရားအရ ယန်ချင်ယင်သည် သံစဉ်ခြွေဓား လျို့ဝှက်ပညာရပ်ကို ရရှိထား၍ ဓားကို လိုချင်လျှင် သူမသည် နတ်ဓားတောင်မှာ ရှိနေစဉ်က တောင်းခဲ့၍ ရလေသည်။ သူမသည် တစ်လတိတိ စောင့်ဆိုင်းနေရန် မလိုအပ်ပေ။ ဖြစ်နိုင််ချေ တစ်ခုကား သူမသည် မိုလော့ချွီ၏ သလင်းကျောက်မှ လျှို့ဝှက်ချက်ကို တွေ့ရှိခဲ့ဟန် ဖြစ်မည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now