အခန်း (၁၈၉)

1.1K 131 0
                                    


အခန်း (၁၈၉) : မိုးကြိုးမြူတောထဲမှ တိုက်ပွဲကြီး

ရန်ထျန်းရှင်းက ထိုအကြောင်းကို ကြားလိုက်ရသည့် အခိုက်အတန့် တိတ်ဆိတ်သွားလေသည်။ သူ့မာနကြောင့် သူ အမှန်တကယ် လေးစားရသည့် လူ တချို့သာ ရှိလေသည်။ မိုဝူကျီသည် ပါရမီအထုံ နည်းပါးသည့် အပြင်စည်းတပည့် တစ်ယောက် ဖြစ်သော်လည်း ရန်ထျန်းရှင်းက သူနှင့် ဆက်ဆံရသည်ကို သဘောကျလေသည်။ ထို့အပြင် မိုဝူကျီသည် အပြင်စည်းတပည့် ဖြစ်နေ၍ သူ့ကိုယ်သူလည်း စိတ်ဓာတ်ကျခြင်း ရှိမနေပေ။

ရန်ထျန်းရှင်းက မိုဝူကျီနှင့် ရင်းနှီးချင်၍ မြေကမ္ဘာမီးကျောက်များကို ရှာမည့်အစား သူနှင့်လိုက်ပါကာ ဂိုဏ်းသို့ ပြန်လာခဲ့သည်။ ထို့အပြင် သူ့ကို အယောင်ဆောင်မျက်နှာဖုံးကိုပင် လက်ဆောင်ပေးလိုက်သေးသည်။ အကြောင်းမှာ မိုဝူကျီလို လူစားမျိုးကို လေးစား၍ ဖြစ်သ်ည။

ယခု သူက မိုဝူကျီသည် ကျဆုံးသွားတာ ဖြစ်နိုင်ကြောင်း သတိပြုမိသောအခါ အနည်းငယ်တော့ စိတ်မချမ်းမသာ ဖြစ်မိသည်။ ဤလောကတွင် ကျင့်ကြံသူအတွက် စစ်မှန်သည့် သူငယ်ချင်းကောင်း ရရှိဖို့ရန် မလွယ်ကူလှပေ။

ပဝါမည်းနှင့် ကျင့်ကြံသူ နှစ်ယောက်က ရန်ထျန်းရှင်းနှင့် ချိန်စုယင်တို့ စကားပြောနေသည့် နေရာနှင့် မနီးမဝေးတွင် ရောက်ရှိလာလေသည်။ ကျင့်ကြံသူနှစ်ယောက်က ရန်ထျန်းရှင်းနှင့် ချိန်စုယင်တို့ ထွက်သွားပြီးနောက်မှ မတ်တပ်ရပ်လိုက်ကြသည်။

အကယ်၍ မိုဝူကျီသာ ဤနေရာတွင် ရှိနေပါက သူတို့ထဲမှ တစ်ယောက်ကို မှတ်မိလောက်၏။ သူသည် ရိုးရိုးလေးချီဆိုင်မှ ဆိုင်ရှင်ချီ ဖြစ်၏။

"အဲဒီချိန်စုယင်က မိုဝူကျီနဲ့ အတူတူ လာပြီးတော့ ဘယ်သွားမှန်းတောင် မသိဘူး .. သူမက တော်တော် တုံးတာပဲ ... " ရိုးရိုးလေးချီက ချိန်စုယင် နောက်ကွယ်မှ အတင်းတုပ်လိုက်သည်။

သူ့ဘေးမှ ပဝါမည်းနှင့် အမျိုးသမီးက ခပ်ပြတ်ပြတ် ပြောလိုက်သည် "ရှင်သာ တုံးအနေတာ ... အဲဒီအမျိုးသမီးနဲ့ မိုဝူကျီက အဲလောက်မရင်းနှီးတာ သိသာနေတာကို သူမက ဘာလို့ မိုဝူကျီ သွားမဲ့နေရာကို သိနေရမှာလဲ ... "

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now