အခန်း (၁၁၈)

1.1K 150 1
                                    


အခန်း (၁၁၈) : အကြီးမားဆုံး အကျိုးပြုမှုနှင့် ဆေးဆရာ

ထိုစကားအပြီးတွင် အစိမ်းဖျော့ရောင် ဝတ်စုံနှင့် အမျိုးသမီးက လျှောက်လှမ်းကာ ဝင်ရောက်လာသည်။

"ဆေးလုံးသခင်မု...."

"စီနီယာ အစ်မယု..."

ထိုအမျိုးသမီး ဝင်ရောက်လာသည်နှင့် ဆေးလုံးဆရာ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့အားလုံးက သူမကို လေးလေးစားစား ကျိုးကျိုးနွံနွံ နှုတ်ဆက်လိုက်ကြ၏။

ကျောင်တင်းပင် လက်နှစ်ဖက်ဖြင့် အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

မိုဝူကျီလည်း အလျှင်အမြန် ဘေးကပ်ရပ်လိုက်သည်။ သူ့နှလုံးခုန်သံကား တဒိန်းဒိန်း ခုန်နေလေ၏။ ထိုဆေးလုံးသခင်မုသည် ကျောင်တင်းပြောခဲ့သည့် မုယင် ဖြစ်ရမည်။ မိုဝူကျီကို စိတ်လှုပ်ရှားစေသည်က ထိုဆေးလုံးသခင်မုကား ကောင်းကင်ဖွေရှာနန်းတော်မှ လာခြင်း ဖြစ်၏။ ထို့အပြင် သူမက ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီ မှ ဖြစ်နေသည်။

အကယ်၍ သူက သူမနှင့် သိကျွမ်းသွားပါက ဖွားဖွားလင်းလောင်ကို ချည်းကပ်ရန် ပိုမိုလွယ်ကူသွားလိမ့်မည်။ ထိုအရာကို တွေးမိလိုက်ပြီး မိုဝူကျီက မုယင်လက်ကို ဆွဲကာ မိတ်ဆွေဖြစ်ဖို့ရာ တောင်းဆိုဖို့ရာ အလိုရှိနေသည်။ ထို့နောက်တွင် သူမက သူ့အား တွေ့ဆုံမှု တစ်ခုအတွက် အကူအညီပေးလိမ့်မည်။

သို့သော်လည်း ထိုအရာများက အတွေးသပ်သပ်သာ ဖြစ်သည်။ အကယ်၍ သူသာ ထိုသို့ လုပ်လိုက်ပါက မုယင်ကိုပင် တွေ့ခွင့်ရတော့မည် မဟုတ်ချေ။ ပိုဆိုးသည်က ဆေးလုံးပြိုင်ပွဲတွင် ဝင်ပါမည့် သူ့အခွင့်အရေးကား ပြန်လည် ရုတ်သိမ်း ခံရလိမ့်မည်။

"စီနီယာ အစ်မမု .... စီနီယာရဲ့ ဆရာက ဖွားဖွားလင်းလောင် မဟုတ်ပေမဲ့ ဝိညာဉ်လမ်းကြောင်း ပြန်လည်ကောင်းမွန်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့တယ် ကျွန်တော်တို့ မျိုးဆက်ရဲ့ စံနမူနာ ဖြစ်ရုံတင် မကဘူး ဝိညာဉ်လမ်းကြောင်း ထိခိုက်ထားတဲ့ ကျင့်ကြံသူတွေအတွက်လည်း ကံကောင်းမှုတွေ ဆောင်ယူလာပေးခဲ့တယ် ကျွန်တော်က ကျွန်တော်တို့ လူငယ်မျိးဆက်ကို ပြောတာပါ...." ကျောင်တင်းက မုယင်စကားများကို တိုက်ရိုက် ပြန်လည် မချေပပေမဲ့ သူ့စကားလုံးများက ခွန်းတုံ့ပြန်မှု အချို့ ပါဝင်လေ၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now