အခန်း (၁၂၇)

1.1K 164 5
                                    


စာစဉ် (၁၀)

အခန်း (၁၂၇) : ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ ပြီးဆုံးခြင်း

"ဒေါင်ဒေါင်ဒေါင်...." နောက်ထပ် နာရီဝက်အကြာတွင် မောင်းသံ သုံးကြိမ် ဆက်တိုက် ထွက်ပေါ်လာပြီး ဆေးလုံးဖော်စပ်ဖို့ အချိန်ပြည့်သွားလေ၏။

ဆေးလုံးဖော်စပ်ခါနီး ဖြစ်နေသည့် ဆေးလုံးဆရာအချို့သည် မောင်းသံကြောင့် အာရုံထွေပြားသွားကာ မီးဖိုထဲမှ ဆေးလုံးများက ပေါက်ကွဲသွားတော့သည်။ ဆေးလုံးများက အစိတ်စိတ် အမွာမွာ ဖြစ်သွားတော့သည်။

အစေခံ ဆယ်ယောက်က ကျောက်စိမ်းပုလင်းများကို လိုက်သိမ်းဆည်းလိုက်ကြသည်။ သူတို့ သိမ်းဆည်းထားသော ကျောက်စိမ်းပုလင်း တစ်ပုလင်းစီအတွက် မီးပြင်းဖိုဘေးတွင်ရှိနေသော ဆေးလုံးဆရာ ဖော်စပ်ထားသည့် ဆေးလုံးနာမည် ကပ်ပေးလိုက်သည်။

မိုဝူကျီ ကျောက်စိမ်းပုလင်းကို ယူလိုက်သောအခါ သူ့မီးပြင်းဖိုဘေးတွင် မျက်နှာမွမ်းမံဆေးလုံးဟု ညွှန်ပြချက် ပါရှိသည်။

မိုဝူကျီက လေးဖက်လေးတန် ပတ်လည်ကြည့်လိုက်ကာ လူတစ်ရာကျော် ဆေးလုံးဆရာများကြားတွင် မျက်နှာမွမ်းမံဆေးလုံးကို ရွေးတာ သူ တစ်ယောက်သာ ရှိနေ၏။

ဆေးလုံးဆရာ အများစုက အဆင့်လေး ဆေးလုံးကို ရွေးချယ်ကြပြီး အဆင့်သုံးကို ရွေးချယ်ကြသူများထဲတွင် သူတို့က သဏ္ဍာန်မဲ့ ဆေးလုံး သို့မဟုတ် အရိုးချုပ်တည်းဆေးလုံးကိုသာ ရွေးချယ်ကြသည်။

မိုဝူကျီက ထိုအဆင့်သုံး ဆေးလုံးများက ပိုအဖိုးတန်မည် ဖြစ်ကြောင်း မှန်းဆမိလေသည်။ မဟုတ်လျှင် ထိုမျှ လူအများက ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။

မိုဝူကျီ၏ ရွေးချယ်မှုကို တွေ့သော သူများက ပြောစရာမရှိ ဖြစ်သွားကြသည်။ ကျင့်ကြံခြင်းလောကတွင် မျက်နှာမွမ်းမံ ဆေးလုံးသည် အသုံးမဝင်ဆုံးထဲမှ တစ်ခု ဖြစ်၏။ အကယ်၍ မျက်နှာထိန်းသိမ်းခြင်း ဆေးလုံးဆိုလျှင် လူအများစုက ရွေးချယ်ကြဦးမည် ဖြစ်၏။ မျက်နှာမွမ်းမံဆေးလုံးကဲ့သို့ ဆေးလုံးမျိုးသည် အသုံးမဝင်ရုံသာမက ဖော်စပ်ဖို့လည်း မလွယ်ကူပေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now