အခန်း (၁၉၄)

1K 147 0
                                    


အခန်း (၁၉၄) : တစ်ယောက်၏ အသက်ကို စွန့်၍ နှစ်ယောက်ကို ကယ်တင်ခြင်း

ကုသဆေးလုံးတချို့ကို သောက်သုံးလိုက်ပြီး မိုဝူကျီက လျှပ်စီးရေကန်မှ ထွက်လာလိုက်တော့သည်။ သူ့သတ်လိုက်သည့် ကျင့်ကြံသူများက ပါးမွားလေးတွေ ဖြစ်ကာ အများစုမှာ လူသားအဆင့်လွန်များ ဖြစ်ကြသည်။ အများစုတွင် သိုလှောင်အိတ်ပင် မရှိကြချေ။ ထို့ကြောင့် မိုဝူကျီက အချိန်ကုန်ခံကာ လျှပ်စီးဒဏ်များ ခံယူရင်း ပစ္စည်းများ လိုက်ရှာရန် မလုပ်နေတော့ပေ။ သူ အလိုအပ်ဆုံးအရာကား ပြန်ကောင်းဖို့ပင် ဖြစ်သည်။ ချမ်းသာဖို့ မဟုတ်ပေ။

သူက လျှပ်စီးရေကန်မှ ထွက်လာသည့် အခိုက်အတန့်တွင် မိုဝူကျီက ချက်ချင်းပင် ထိုင်ချလိုက်ပြီး သူ့စွမ်းအားများကို ပြန်လည် ဖြည့်တင်းလိုက်သည်။ သူက မြန်မြန် ထွက်မသွားချင်၍ မဟုတ်ဘဲ သူက စွမ်းအားများစွာ သုံးထားမိခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူက အခုချိန်ထွက်သွားပါက သူက ဝေးဝေးရောက်နိုင်မည် မဟုတ်ပေ။

မိုးကြိုးမြူတောမှ ဤအစိတ်အပိုင်းကား လုံးလုံးလျားလျား ဖြိုချထားသလို ဖြစ်နေသည်။ သူ့အတွက် ဤနေရာတွင် ကြာကြာနေဖို့ရာ အန္တရာယ်မကင်းလှပေ။ သူ့က စွမ်းအားများကို ပြန်လည် စုစည်းနိုင်သည်အထိ စောင့်ဆိုင်းပြီး ချက်ချင်း ထွက်သွားရမည်။ ကားပျံနှင့် ထွက်သွားရမည့် စတေးမှုမျိုးပါ ပြုလုပ်သင့်ရင် ပြုလုပ်ရမည်။

အမွေးတိုင် တစ်ဝက်အကြာတွင် မိုဝူကျီက မတ်တပ်ရပ်ဖို့ရာ ကြံနေစဉ် ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။ သူက အလျှင်အမြန် ဘေးသို့ ကပ်ကာ ဘာဖြစ်သွားကြောင်း ကြည့်လိုက်တော့သည်။

လောင်မြိုက်နေသည့် မီးတောက်အဆောင်တစ်ခုကား ပျံသန်းလာလေသည်။ မိုဝူကျီက အမြန်ဆုံးနှုန်းဖြင့် ရှေ့သို့တက်ကာ ထိုပျံသန်းလာသည့် အဆောင်ကို ရှောင်ရှားလိုက်တော့သည်။

"ဘုန်း .." မီးတောက် အဆောင်က ပေါက်ကွဲသွားပြီး မိုဝူကျီဆီ မီးပွားများ လွင့်စင်လာ၍ သူ့အဝတ်များနှင့် ဆံပင်များ မီးကျွမ်းသွားလေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now