အခန်း (၇၂)

1.3K 194 0
                                    


အခန်း (၇၂) : ငြင်းပယ်ခြင်း

မိုဝူကျီက ဆေးလုံးသခင်ရှီသည် ပါဝင်ဆေးပင်များကို ရှင်းရှင်းလင်းလင်း စစ်ထုတ်မယူသည်ကို သိသော်လည်း သူကား ဝင်ပြော၍ မရပေ။ သူကိုယ်တိုင်ပင် ဆေးလုံးကို မည်သို့ သန့်စင်ရမှန်း မသိသေးချေ။ ဆေးလုံး သန့်စင်ခြင်းသည် ရှုပ်ထွေးနက်နဲလှသော ဖြစ်စဉ် ဖြစ်၏။ မိုဝူကျီက ဆေးပင်အမျိုးမျို၏ ကွဲပြားချက်များနှင့် ပင်ကိုယ် လက္ခဏာများကို လေ့လာနေသည့် သူငယ်တန်းအဆင့်ပင် ရှိသေးသောကြောင့် ဝိညာဉ်ဆေးပင်များကို သန့်စင်ခြင်း အကြောင်းကို မထိတွေ့ရသေးပေ။

ထို့အပြင် ဝိညာာဉ်ဆေးပင်ကို သန့်စင်ခြင်းကား လက်တွေ့ ကျွမ်းကျင်မှုအပေါ်တွင် မူတည်လေ၏။ သူ့၏ လက်ရှိအခြေအနေဖြင့် ထိုအရာကို သင်ယူဖို့ရာ မဖြစ်နိုင်သေးပေ။

နောက်ထပ် တစ်နာရီ ကုန်ဆုံးသွားပြီးနောက် မိုဝူကျီက တဖြေးဖြေးနှင့် ဆေးလုံးရနံ့ကို ရရှိလာလေသည်။ဆေးလုံးသခင်ရှီ၏ မျက်နှာကား ပို၍ပင် သက်ဝင်လာလေ၏။ ဒီနေ့ သူ့ကံသည် ယမန်နေ့များထက် ပို၍ ကောင်းနေကြောင်း ခံစားမိလေ၏။

ထိုအခိုက်အတန့်တွင် ဆေးလုံးသခင်ရှီက သူ့လက်ထဲမှ ယောက်မကို လွှတ်ချလိုက်ပြီး ဆေးပြင်းမီးဖိုအတွင်းမှ မီးတောက်ကို လျော့ချလိုက်သည်။ သို့သော်လည်း သူ့လက်နှစ်ဖက်ကား ဆေးပြင်းမီးဖိုအပြင်ဘက်ကို ဆက်တိုက် ရိုက်နေဆဲ ဖြစ်လေ၏။ မိုဝူကျီလည်း မီးဖိုအတွင်းမှ ဆေးလုံးအချို့ကို မြင်လိုက်ရသည်။

"ဘမ်း...." မိုဝူကျီက ဆေးလုံးသခင်ရှီသည် ဆေးပြင်းမီးဖိုဘေးမှ လက်ကိုင်ကို တွန်းလိုက်ပြီး တစ်ဖက်က ဆေးပြင်းမီးဖိုကို ရိုက်လိုက်သည်။ အနီရောင် စွက်နေသည့် အစိမ်းရောင် ဆေးလုံး ခြောက်လုံးက ထွက်ပေါ်လာပြီး ကျောက်စိမ်းပုလင်း အတွင်း ကျသွားလေသည်။

"ဟားဟားဟား....." ဆေးခြောက်လုံး ထွက်လာသည်ကို မြင်ပြီး ဆေးလုံးသခင်ရှီက အားရပါးရ ရယ်မောလိုက်လေ၏။ စိတ်လှုပ်ရှားမှုနှင့် ကျေနပ်မှုက သူ့မျက်ဝန်းတွင် ထင်ဟပ်နေလေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now