အခန်း (၄၁)

1.4K 233 0
                                    


အခန်း (၄၁) : အခွင့်အရေး ဆုံးရှုံးခြင်း


မိုဝူကျီနှင့် ယွန်ကျန်းရီတို့သည် စိတ်ပူခြင်း အလျှင်းမရှိစွာ တဲသို့ အနားယူရန် ပြန်လာလေသည်။ ထောင်ပချီသည် သူတို့က လက်သည်တရားခံဖြစ်မှန်း သိလျှင်ပင် သူသည် သက်သေ အထောက်အထားမရှိဘဲ ဘာမှ မလုပ်နိုင်ချေ။

မိုဝူကျီ နိုးလာသည့်အချိန်တွင် နေ့လည်သို့ ရောက်နေပြီ ဖြစ်၏။ မိုဝူကျီသည် တင်းဘူအာ အား ထောင်ပချီအကြောင်း မေးမည့်ဆဲဆဲတွင် ယူးဟိုင်တည်းခိုခန်းမှ တင်းဘူအာ ထွက်လာသည်ကို မြင်လိုက်ရသည်။

"ဝူကျီ..... မမလေးက မင်းကို ပြောစရာရှိလို့တဲ့......" တင်းဘူအာသည် မိုဝူကျီအား အဝေးမှ အော်ခေါ်လိုက်သည်။

ဟန်နင် သူ့အား ပြောစရာရှိသည့်အချိန်သည် သူလဲ တည်းခိုခန်းရှိ ထောင်ပချီအကြောင်း သိချင်သည်နှင့် အချိန်ကိုက် ဖြစ်သွားလေသည်။

"ခဏ......" တင်းဘူအာသည် မိုဝူကျီ အနားကပ်လာပြီး အသံနိမ့်ဖြင့် ပြောလိုက်သည် "ဝူကျီ..... ဂရုစိုက်ဦး.... ဒါက သတင်းကောင်း ဟုတ်မယ်တော့ မထင်ဘူး.....ဖန်မုန်ဟွာက ငါ့ကို ဒီအကြောင်းပြောတုန်းက ထစ်အ ထစ်အနဲ့ကွ....."

မိုဝူကျီက တင်းဘူအာကို ပုတ်လိုက်ပြီး "ဒီမှာ ဘာဖြစ်နိုင်မှာလဲကွာ..... စိတ်ပူမနေပါနဲ့....ငါလဲ အခု တစ်ခုစုံစမ်းစရာ ရှိနေတာနဲ့ ကွက်တိဖြစ်သွားတာ...."

ယူးဟိုင် တည်းခိုခန်းသို့ ဝင်ဝင်ချင်း တွေ့လိုက်ရသည့် ဦးဆုံး ပုဂ္ဂိုလ်သည် ထောင်ပချီ ဖြစ်နေ၏။ ထောင်ပချီသည် တံခါးစောင့်အား အရင်နေ့က တည်းခိုခန်းသို့ မသင်္ကာဖွယ်လူ ဝင်ရောက်လားဟု စစ်မေးနေလေသည်။ တံခါးစောင့်သည် မိုဝူကျီ ရွှေပြားကို လက်ခံထားသည့်အပြင် ထောင်ပချီ မည်သို့လုပ်ရန် ကြိုးစားနေသည်ကို မသိရှိပေ။ ထို့ကြောင့် သူသည် ထောင်ပချီအား ဘာမှ မပြောလိုက်ပေ။

"ဟာ...." သူသည် ငြီးငြူပြီး လှည့်ထွက်သွားလေသည်။ သူသည် မိုဝူကျီ တည်းခိုခန်းသို့ ဝင်မည်ကို မြင်သောအခါ လှည့်ကြည့်လိုက်သည်။ သူသည် ခြေလှမ်းအနည်းငယ် လှည့်ကာ မိုဝူကျီအာ ခေါင်းစခြေဆုံး မျက်စိဒေါက်ထောက် ကြည့်လိုက်သည်။ သူသည် မိုဝူကျီနှင့် မနေ့က သူ့အား တိုက်ခိုက်သည့် သူနှင့် တစ်စုံတစ်ရာ တူညီသောအရာများရှိလားဟု တွေ့ရန် ကြိုးစားနေလေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now