အခန်း (၉၇)

1.2K 173 0
                                    


အခန်း (၉၇) : သူမက မင်းအသက်ကို ကယ်လိုက်တာပဲ

"မင်းက ငါ သံစဉ်ခြွေဓားကို ဘာလို့ ရှာနေလဲဆိုတာ သိတဲ့အပြင် လျှို့ဝှက်ချက်ကိုပါ သိနေတာလား...." ယန်ချင်ယင်က အခြေအနေကို သဘောပေါက်ပြီး နေရခက်စွာ မေးကြည့်လိုက်၏။ အကယ်၍ သူမက သံစဉ်ခြွေဓား လျို့ဝှက်ချက်ကို သလင်းကျောက်မှ ရှာတွေ့ခဲ့လျှင် မိုဝူကျီလဲ တွေ့နိုင်ခြေရှိ၏။ သို့သော်လည်း သူမသည် မိုဝူကျီက သံစဉ်ခြွေဓား လျို့ဝှက် ပညာရပ်ကို အခွင့်ကြုံ၍ တွေ့ခဲ့ကြောင်းနှင့် သူသည် ပျောက်ကွယ်ဓား ပညာရပ်ပါသော သလင်းကျောက်ကို အသုံးမပြုရသေးကြောင်းကို မသိခဲ့ပေ။

မိုဝူကျီက ဘာမှ လျှို့ဝှက်မထားတော့ပေ "ဟုတ်တယ် သံစဉ်ခြွေဓားထဲက ပညာရပ်ကို ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်လို့ ခေါ်တယ်....."

ယန်ချင်ယင်က စာရွက်ကို ဖွင့်ကြည့်လိုက်သည့်အခါ ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို တွေ့လိုက်ရသည်။ ဘေးတွင် မိုဝူကျီက ဆက်လက် ပြောနေလေ၏ "အဲဒီ ပညာရပ်ထဲက ယီ စာလုံး တစ်လုံးရဲ့ ကျင့်စဉ်က ပျောက်နေတယ် အခု ဒီပညာရပ်ကို အစ်မယန် ပိုင်ပြီဆိုတော့ ကျွန်တော့်ကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်ရဲ့ ဆေးလုံး ပြိုင်ပွဲကို ခေါ်သွားစေချင်တယ် တကယ်လို့ မအောင်မြင်ဖူးဆိုရင်တောင် မကြိုးစားလိုက်ရရင် ကျွန်တော်ရဲ့ ကျန်တစ်ဘဝလုံး စိတ်အေးမှာ မဟုတ်တော့ဘူး "

သူအနေနှင့် အနာဂါတ်တွင် နောက်ထပ် ပညာရပ်တစ်ခုကို ရရှိနိုင်သေးသော်ငြား ယန်အာကိုမူ ချက်ချင်း ကုသရန် လိုအပ်လှ၏။ ထို့အပြင် သူသည် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ရှိ စာလုံ တစ်လုံးချင်းစီနှင့် ကျင့်ကြံခြင်းတိုင်းကို မှတ်သားထားပြီးပြီ ဖြစ်၏။

ယန်ချင်ယင်က စာရွက်ကို လိပ်လိုက်ပြီးတော့ မိုဝူကျီကို ကြည့်ကာ မေးလိုက်သည် "မင်းနဲ့ ယန်အာနဲ့က ဘယ်လိုတော်စပ်တာလဲ မေးလို့ ရမလား "

လျို့ဝှက်ပညာရပ်ကို တစ်ချက်ကြည့်ရုံဖြင့် ယန်ချင်ယင်သည် ထိုအရာကား သာမာန်နှင့် အလှမ်းကွာလှကြောင်း ပြောနိုင်သည်။ မိုဝူကျီသည် မကျင့်ကြံနိုင်၍ မဟုတ်ဘဲ သူ့စိတ်ထဲတွင် ယန်အာက မည်မျှ အရေးပါကြောင်း သိ၍ ထိုပညာရပ်ကို ပေးခဲ့ခြင်း ဖြစ်လေ၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now