Arc-1.10(end)

1.7K 157 7
                                    


မြောင်ဟီးဒုံးနဲ့အိုမန်ဆိုးတို့ဟာတစ်လကြာတဲ့အထိ ထိုအပန်းဖြေအိမ်လေးမှာနေနေခဲ့တယ်..သူတို့ရဲ့အလုပ်များကိုသူတို့ယုံကြည်ရတဲ့သူတွေဆီပစ်ထားကြတယ်..ဒါပေမဲ့ယခုတော့အလုပ်တွေသူတို့ ပစ်ထားလို့မရ။ အရေးကြီးတဲ့အလုပ်များရှိနေသေးတာကြောင့် ထိုအပန်းဖြေအိမ်ကနေပြန်လာခဲ့ရတယ်..

မြောင်ဟီးဒုံးကတော့အိုမန်ဆိုးကိုမနှုတ်ဆက်ချင်ပဲ နှုတ်ဆက်ရပြီးသူ့ရဲ့အိမ်ကိုပြန်ခဲ့ရတယ်..သူမပြန်လို့လည်းမရ ဘာလို့လည်းဆိုတော့သူ့ကိုမကျေနပ်တဲ့သူတွေဟာ အိုမန်ဆိုးကိုပစ်မှတ်ထားပြီး လိုက်နှောက်ယှက်နေတာကြောင့်ပေါ့။ ဒီလိုနဲ့နှစ်ယောက်သားကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ရတယ်..

အိုမန်ဆိုးလည်းမြောင်ဟီးဒုံးနဲ့မခွဲချင်ပေမဲ့ သူ့ ကုမ္ပဏီမှာဖြစ်နေတဲ့ပြသနာတစ်ချို့ကို ရှင်းဖို့အတွက်သူလည်းခွဲနေလိုက်ရတယ်..အားတိုင်းလည်းအမြဲတမ်းဖုန်းပြောဖြစ်ခဲ့တယ်..

အခုတော့အိုမန်ဆိုးဟာ အရင်တစ်ယော​က်အသဲအသန်ကြိုက်နေခဲ့တဲ့ ယူဘင်းနဲ့တွေ့ဆုံနေတာဖြစ်သည်။ ယူဘင်းဟာအိုမန်ဆိုးနဲ့တွေ့ရဖို့ အမျိုးမျိုးကြိုးစားနေတဲ့တစ်ယောက်သာဖြစ်တယ်..ကုမ္ပဏီကိုလည်းခဏခဏလာပြီးသူ့ကိုလာရှာလို့လာ..သူ့ရဲ့အိမ်ကိုလာလို့လာနဲ့လုပ်နေတာကြောင့် သူယူဘင်းနဲ့သေချာရှင်းဖို့အတွက် ယူဘင်းကိုချိန်းဆိုလိုက်တာဖြစ်တယ်..

ယခုတော့အိုမန်ဆိုးဟာကော်ဖီကိုသောက်နေတဲ့အချိန် ယူဘင်းကတော့အိုမန်ဆိုးကိုပေါက်ထွက်သွားမတက်ကိုစိုက်ကြည့်နေတာဖြစ်သည်။ ယူဘင်းနေရာမှာမြောင်ဟီးဒုံးသာသူ့ကိုကြည့်နေရင် သူပျော်ပြီးနေလို့ထိုင်လို့ကောင်းနေအုန်းမှာသေချာတယ်..

သူမဟုတ်ပဲတခြားသူဖြစ်နေတော့ စိတ်အနှောက်အယှက်ဖြစ်နေခဲ့တယ်..ရှောင်ပိုင်ကတော့အိုမန်ဆိုးဘေးနားမှာ ထိုင်နေလေတယ်..ယူဘင်းဘာလို့သူ့bossဆီလာလည်းဆိုတာ သိချင်တာကြောင့် ထိုင်ပြီးစပ်စုနေတာဖြစ်တယ်..နောက်ဆုံးတော့အိုမန်ဆိုးသည်းမခံနိုင်တော့တာကြောင့်...

" ယူဘင်း ငါ့ကိုရှာတာဘာကိစ္စကြောင့်လည်း.."

" ကျွန်မ.."

villain boss(s-3)Where stories live. Discover now