Arc-1.7

1.6K 180 16
                                    

မွေးနေ့ရှင်ဟာသူတို့တွေထွက်သွားတာနဲ့ ချက်ချင်း အခြေအနေထိန်းလိုက်တော့သည်။ ထိန်းလိုက်ပေမဲ့လည်းခုန ကိစ္စဟာအပြောများနေတော့တယ်..အိုမန်ဆိုးဟာကြောင်တိကြောင်တောင်ဖြစ်နေသော် ဟာဂျီဝန်ကို..

" ဂျီဝန်..."

" ဗျာအကို...ဘာဖြစ်လို့လည်း..."

" ခုနကမင်းအဖေရဲ့အပြုအမူကို မင်းဘယ်လိုမြင်လည်း..."

" ဘယ်လိုမြင်ရမှာလည်း..ဟန့်..သူ့သိက္ခာကျမှာဆိုးလို့ လာပြောသွားတာလေ...ကျွန်တော်သေသေရှင်ရှင်သူဂရုစိုက်မှာမဟုတ်ဘူး သူဂရုစိုက်စရာဆိုလို့ ကုမ္ပဏီရယ်ပိုက်ဆံရယ်ပဲရှိတယ်..."

" ငါတော့အဲ့လိုမမြင်ဘူး.."

"...."

" ဂျီဝန် မင်းမြင်နေရတာတွေကိုပဲအမှန်မထင်နဲ့ သေချာလေ့လာကြည့်၊သေချာစဥ်းစားကြည့်အုန်း...နောက်တောင်ကျနေပြီကိုယ်သွားတော့မယ်.."

" ဟုတ် bye bye.."

" အင်း.."

သူ့ကိုနှုတ်ဆက်ပြီးတာနဲ့မွေးနေ့ရှင်ဆီသွားကာ သူပြန်တော့မဲ့အကြောင်းပြောပြီးနှုတ်ဆက်ခဲ့တယ်..ကားပေါ်၌ရှောင်ပိုင်ဟာ..

' boss ခုနကဟာဂျီဝန်အဖေရဲ့မျက်ဝန်းတွေ bossကိုကြည့်တုန်းက ကျေးဇူးတင်တဲ့အကြည့်တွေနဲ့ကြည့်နေသလို ကျွန်တော်ခံစားရတယ်..'

' မင်းခံစားရတာမဟုတ်ဘူး သူအဲ့အကြည့်တွေနဲ့ကြည့်သွားတာ...'

' အယ်..ဘာလို့ကြည့်သွားတာလည်း bossနဲ့မှသူမသိတာ..'

' ငါကသာမသိရင်မသိနိုင်ဘူး ဒါပေမဲ့သူကတော့သိနိုင်တယ်လေ ငါကဒီလောက်ထိနာမည်ကြီးနေတာ သူမသိနိုင်ဘူးထင်နေတာလား..'

' ကိုယ့်ကိုယ်ကိုစောက်ထင်ကြီးတဲ့စိတ်တွေ ပေါ်လာပြန်ပြီ..ဟွန့် ဒါနဲ့bossအခုဘာလုပ်မှာလည်း..'

' အိမ်ကိုပြန်မယ်လေ..'

' အခုလည်းပြန်နေတာပဲလေ မဟုတ်ဘူးလား...'

' ငါပြောတဲ့အိမ်က ဒီအိမ်မဟုတ်ဘူးငါ့ခွေးလေး ရှိတဲ့အိမ်..'

'....'

* bossကို ပြောပြလိုက်ရင်ကောင်းမလား မြောင်ဟီးဒုံးအိမ်မှာမရှိတော့ဘူးဆိုတာ.. ထားပါမပြောတော့ဘူး သူ့ဘာသာအိမ်ပြန်ရင်သိလိမ်မယ်..*

villain boss(s-3)Where stories live. Discover now