Arc-8.7

215 22 7
                                    

ရင်းကျန်ဟာသူ့နောက်ကိုတစ်ယောက်ယောက်လိုက်နေတယ်ဆိုတာ တိုင်းပြည်ကနေထွက်လာထဲက သတိထားမိခဲ့။ အန္တာရယ်ပေးမဲ့အရိပ်အယောင်မပေါ်တာကြောင့် သူဒီတိုင်းထားခဲ့။ ဒါပေမဲ့တည်းခိုခန်းတွေ့လို့ဝင်တည်းတဲ့အခါ သူ့ကိုစောင့်ကြည့်ပြီးဝင်လာတဲ့သူတွေကြောင့် သူ့ကိုသတ်ဖို့လာတယ်ဆိုတာသိလိုက်တယ်..ဒါကြောင့်တခြားသူတွေ ဒုက္ခမရောက်စေချင်တာကြောင့်မဆိုင်တဲ့သူတွေကို အပြင်ထွက်ခိုင်းလိုက်တာဖြစ်သည်။

ရင်းကျန်ဟာသူ့အပေါ်ဝတ်ရုံကိုချွတ်လိုက်ပြီး...

" မင်းတို့ငါ့ကိုသတ်ဖို့လာတာမဟုတ်ဘူးလား...အချိန်ဖြုန်းမနေနဲ့သတ်စရာရှိတာလာသတ်..."
ရင်းကျန်ထိုသို့ပြောလိုက်ရော ဟန်ဆောင်မနေတော့ပဲ ရင်းကျန်ကိုထပြီးတိုက်ခိုက်ကြတော့သည်။

ရင်းကျန်ကလည်းသူ့ကိုလာတိုက်ခိုက်တဲ့သူတွေကို ကိုယ်ခံပညာနဲ့သာတိုက်ခိုက်တော့တယ်..သူရေအစွမ်းကိုအသုံးပြုချင်ပေမဲ့ သူစိမ်းတစ်ယောက်ရှိနေသေးတာကြောင့် သူမသုံးတာဖြစ်သည်။ ထိုသူစိမ်းကတော့ဒုတိယထက်ကနေရင်းကျန်ကို စောင့်ကြည့်နေတဲ့သူဖြစ်သည်။

ထိုသူဟာဒုတိယထက်ကနေဆင်းလာပြီး ပထမထက်ကိုရောက်ရှိလာခဲ့တယ်..ရင်းကျန်တိုက်ခိုက်နေတာကိုစိတ်ဝင်တစားနဲ့ စောင့်ကြည့်နေလေသည်။ ရင်းကျန်ဟာရေအစွမ်းကိုပေါ်တင်ကြီးမသုံးပေမဲ့ တစ်ဖက်သူမလှုပ်နိုင်အောင်လို့သူလျို့ဝှက်စွာသုံးခဲ့။ ရေအစွမ်းကြောင့်သူ့ကိုလာတိုက်ခိုက်တဲ့သူတွေကို သတ်နိုင်ခဲ့တယ်..

သို့ပေမဲ့လုပ်ကြံသူတစ်ယောက်ရင်းကျန်ကိုကြည့်နေတဲ့ သူစိမ်းရဲ့လည်ပင်းကိုဓားနဲ့ထောက်ပြီး..

" မင်းမလှုပ်နဲ့မဟုတ်ရင်ငါသူ့ကိုသတ်မယ်..."

ရင်းကျန်အဲ့စကားကြောင့်မလှုပ်ရဲ။ သူကိုယ်တိုင်ဘာလို့သူစိမ်းတစ်ခုခုဖြစ်မှာကို စိုးရိမ်နေရတာလည်းမစဥ်းစားနိုင်ပေ။ သူမသိလိုက်ခင်သူ့လှုပ်ရှားမူ့ကိုရပ်တန့်လိုက်တယ်..လုပ်ကြံသူတွေထဲမှာထိုသူတစ်ယောက်သာအသက်ရှင်ကျန်ရစ်နေခဲ့တာဖြစ်တယ်...ထိုလုပ်ကြံသူဟာရင်းကျန်စကားပြောနားထောင်တာကို အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့ကြိုးစားတယ်..

villain boss(s-3)Donde viven las historias. Descúbrelo ahora