Arc-2.4

1.2K 146 13
                                    


( အပေါ်ကတစ်ယောက်က ဇာတ်လိုက်မဂန်ဟာရမ်ပါ )

အခန်းကြီးတစ်ခန်းထဲ၌ စျေးကြီးလှသော်ပရိဘောက များစွာရှိလေသည်။ ထိုအခန်းထဲကဆိုဖာပေါ်လေးမှာတော့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်တို့ရှိကြသည်။ ကောင်လေးဟာကောင်မလေးရဲ့ပုခုံးကိုလက်တစ်ဖက်နဲ့ ကိုင်ထားပြီးနောက်တစ်ဖက်ကတော့ ကောင်မလေးရဲ့ပေါင်ကို ပွတ်နေခဲ့တယ်..

ကောင်မလေးကတော့ကောင်လေးရဲ့ရင်ခွင်လေးထဲမှာ မှီပြီးကောင်လေးရဲ့ရင်ဘက်ကိုပွတ်တီးပွတ်သက်လုပ်နေခဲ့တယ်..ကောင်မလေးရဲ့မျက်နှာထက်၌စိုးရိမ်နေတဲ့အမူအရာပေါ်လွင်နေသည်။ သူကအရင်..

" ဒီအ​ကြောင်းတွေပွထမလာခင်ကျွန်မတို့ လုပ်သင့်နေပြီ.."

" ကိုယ်လုပ်ခိုင်းထားတယ်..ဒါပေမဲ့တစ်ချို့တွေကအကောင့်တုတွေနဲ့ ပြန်ဖွနေကြတယ်.."

" ငွေနဲ့ဖုံးကြမယ်လေ..မနက်ဆိုရင်ကျွန်မတို့အချမ်းသာဆုံးဖြစ်လာတော့မှာပဲလေ ငွေနည်းနည်းလေးကကျွန်မတို့အတွက် မပြောစလောက်လေးပဲ.."

" ဟားဟား..ဟုတ်တာပေါ့ ကိုယ်တို့နှစ်ယောက်ကအချမ်းသာဆုံးလူတွေဖြစ်လာတော့မှာ..လူအများအားကျရတဲ့စုံတွဲရောပေါ့.."

" ကိုကိုကလည်း ဘာတွေပြောနေတာလည်း.."

" အမှန်တွေပြောနေတာပါကွာ မင်းလေးမသိလို့ဟိုတစ်ယောက်ကို ချစ်ပြတဲ့ပုံစံလုပ်တုန်းကအရမ်းရွံဖို့ကောင်းတာပဲ မင်းလေးပျော်ဖို့အတွက်ကိုယ်ဘယ်လောက်တောင်သည်းခံလိုက်ရတာလည်း သိလား.."

" သိတာပေါ့ကိုကိုကလည်း ချစ်လေးအတွက်လုပ်ပေးတာတွေကို ကိုကိုရွံတာတွေကိုသည်းခံပေးခဲ့တဲ့အတွက်ကျေးဇူးနော်ကိုကို... "

" မင်းလေးရဲ့စကားတွေကြောင့် ဒီလူအရူးကြီးဖြစ်တော့မယ်.. မကြာခင်ဒီအိမ်ကကိုယ်တို့နှစ်ယောက်ရဲ့ကိုယ်ပိုင်အိမ်ဖြစ်တော့မယ်.."

" ချစ်လေးဒီအိမ်ကိုလိုချင်နေခဲ့တာကြာပြီ နောက်ဆုံးတော့ချစ်လေးတို့ရဲ့ကြိုးစားမူ့တွေကြောင့် ဒီအိမ်ကိုပိုင်ဆိုင်နိုင်တော့မှာ..မနက်ဖြန်ဆိုရင်ဖေဖေပြန်လာတော့မယ်..ချစ်လေးရဲ့ကြိုးစားမူ့တွေကိုဖေဖေသဘောကျမှာသေချာတယ်..ကိုကိုချစ်လေးတို့ နှစ်လလောက်ဖုံးကွယ်ထားသင့်တယ်နော် မဟုတ်ရင်အလိမ်အညာတွေပေါ်သွားနိုင်တယ်..."

villain boss(s-3)Where stories live. Discover now