Arc-7.7

481 42 12
                                    


ရှောင်ကျန့်နဲ့ရှောင်ပိုင်ဟာအတင်းတုတ်နေရင်း ငိုပြီးပြန်လာခဲ့တဲ့ရှောင်ဟွားကိုတွေ့ရော ချက်ချင်းပြေးသွားပြီး ဘာဖြစ်တာလည်းမေးကြတော့တယ်..ရှောင်ဟွားလေးဟာသူပိုက်ထားတဲ့အဖြူရောင်အလုံးလေးကိုပြပြီး..

" မရှိတော့ဝူး..."

"....."
ရှောင်ဟွားပြောချင်တာကိုဟိုနှစ်ယောက်နားမလည်ဖြစ်သွားခဲ့။ ရှောင်ဟွားဟာသူတို့နှစ်ယောက်ကိုပြောလည်းပြီးရော ဆက်ငိုပါရော။ ရှောင်ကျန့်တို့ကလည်းဘာလုပ်လို့ဘာကိုင်မရလဲမသိဖြစ်နေခဲ့တယ်..အဲ့အချိန်မှာပဲဝမ်ရိပေါ်ရောက်လာခဲ့တယ်..ရှောင်ကျန့်ဟာဝမ်ရိပေါ်ကိုလည်းမြင်ရော အားကိုးတကြီးနဲ့ရှောင်ဟွားလေးအကြောင်းပြောပါလေရော။

ဝမ်ရိပေါ်ဟာငိုနေတဲ့ရှောင်ဟွားလေးကို ကောက်ချီလိုက်တယ်..ဘာမှမပြောပဲတစ်နေရာတစ်နေရာကိုခေါ်သွားတော့သည်။ ရှောင်ကျန့်နဲ့ရှောင်ပိုင်ကတော့လိုက်သွားရမလိုမလိုက်ကပဲနေရမလို ဖြစ်နေတော့သည်။ သူတို့နှစ်​ယောက်လိုက်မသွားတော့ပဲ ဟိုနှစ်ယောက်ကိုလွှတ်ထားလိုက်တော့တယ်..

' ရှောင်ဟွားလေးဘာတွေများဖြစ်နေတာလည်း..သူ့ကိုတစ်ယောက်ယောက်အနိုင်ကျင့်တာတော့မဖြစ်နိုင်ဘူး..သူကသာတစ်ခြားသူကိုအနိုင်ကျင့်နိုင်တာ..'

' ရိပေါ်လာမှပဲငါမေးကြည့်လိုက်မယ်..အဲ့အခါကျမှငါမင်းကိုလှမ်းပြောမယ်..ရှောင်ဟွားလေးရဲ့လက်ထဲကအဖြူရောင် အလုံးလေးကဘာများဖြစ်နိုင်လည်း..'

' ငါလည်းတစ်ခါမှမမြင်ဖူးတာမသိဘူးလေ...ငါအခုပြန်လိုက်အုန်းမယ်ငါ့ကိုရှောင်ဟွားလေးအကြောင်း ပြောဖို့မမေ့နဲ့..'

' Ok '

ရှောင်ပိုင်ဟာသူ့သူငယ်ချင်းကိုနှုတ်ဆက်ပြီး ထွက်သွားတော့တယ်..ကျန်ခဲ့တဲ့ရှောင်ကျန့်ကတော့ရိပေါ်တို့ပြန်လာမှာကို စောင့်နေတော့တယ်..သူရှောင်ဟွားလေးတို့နောက်လိုက်ချင်ပေမဲ့ ငိုနေတဲ့ကလေးကိုသူလည်းမချော့တက်တာကြောင့် လူအပိုဖြစ်နေမှာဆိုးလို့လိုက်မသွားခဲ့တာဖြစ်သည်။

ရှောင်ဟွားလေးငိုအောင်လုပ်တဲ့သူကို သူဒီတိုင်းမထားဘူးလို့တေးမှတ်လိုက်သည်။ တစ်ဖက်ရိပေါ်ကတော့ရှောင်ဟွားလေးကို ချော့မော့ပြီးမေးမြန်းတော့သည်။ အကြောင်းအရင်းများကိုလည်းသိလိုက်ရတဲ့အပြင် နဂါးသေးသေးကဘယ်သူလည်းဆိုတာလည်းသိလိုက်ရတယ်..နဂါလေးပေးထားတဲ့အဖြူရောင်အလုံးလေးကို ရှောင်ဟွားလေးနှဖူးပေါ်မှာချိတ်ဆွဲထားတဲ့ ဆွဲသီးလေးထဲထည့်ခိုင်းလိုက်တယ်..

villain boss(s-3)Where stories live. Discover now