Arc-5.13

591 71 9
                                    

ဂရမ်နစ်ကိုတောထဲမှာပြစ်ထားခဲဲ့ကြတုန်းကဂရမ်နစ်ကို သေပြီလို့ထင်ခဲ့ကြတာဖြစ်တယ်..ဂရမ်နစ်ရဲ့ဗိုက်ဒဏ်ရာဟာအနည်းငယ်သာဖြစ်သည်။ သူ့ကိုအောတစ်(ခ်)ဘယ်လိုလုပ်မလဲဆိုတာသိချင်လို့ မေ့လဲချင်ယောင်ဆောင်ခဲ့တာဖြစ်တယ်..တကယ်လို့အောတစ်(ခ်)သာသူ့ကိုကုသပေးမယ်ဆိုရင် သူကလဲ့စားချေတာကိုအနည်းငယ်လျော့ပေးမှာ..သို့ပေမဲ့သူ့ကိုကယ်ပေးတဲ့သူကိုသတ်ဖို့လုပ်တဲ့အတွက်ကြောင့် လျော့ပေါ့ပေးမယ်ဆိုတဲ့စကားကိုပြန်ရုတ်သိမ်းလိုက်တယ်..

နောက်ပြီးအောတစ်ခ်ကိုကျေးဇူးဆပ်ပေးပါဆိုတဲ့ ဆန္ဒလည်းပြည့်သွားခဲ့တယ်..အဲ့ဆန္ဒပြည့်သွားခဲ့တဲ့အတွက် သူအရမ်းကိုပျော်သွားခဲ့တယ်..သူ့ကိုကူညီပေးတဲ့ရှောင်ပိုင်ကိုတောင်ကျေးဇူးအရမ်းတင်မိ။

တစ်ဆိုတဲ့တစ်ယောက်ဟာသူ့ကိုခေါ်ပြီး စတားဗစ်(ခ်)ကိုခေါ်သွားခဲ့တယ်..သူ့ဗိုက်ကဒဏ်ရာကိုမြင်ရောအောတစ်(ခ်)ကိုသတ်ဖို့လုပ်နေတဲ့အတွက်ကြောင့် သူမရရအောင်တားခဲ့ရတယ်..မနည်းကိုချော့ပြောလိုက်ရသေး။ သူသေပြီဆိုတဲ့သတင်းကိုလည်းလွှင့်ခိုင်းခဲ့တာဖြစ်တယ်..ဒါမှသူနဲ့စတားဗစ်(ခ်)အနားယူနေတာကိုမည်သူမှ မနှောက်ယှက်နိုင်အောင်လို့ပေါ့။

ပုန်ကန်တဲ့ကိစ္စမစခင်အတော်အတွင်းသူနဲ့စကားဗစ်(ခ်)ဟာ ကောနဲ့ကပ်ထားသလိုပေ..ခွာလို့တောင်မရခဲ့။ သူတို့နှစ်ယောက်ဟိုဟာလည်းဖြစ်ပြီးသွားခဲ့တယ်..ဂရမ်နစ်ထင်တာကအဲ့ဒါဖြစ်ပြီးမှ သူ့ချစ်သူရဲ့ဝိညာဥ်အစိတ်အပိုင်းကိုရတယ်လို့ထင်နေခဲ့တာ..တကယ်တော့အစထဲကဂရမ်နစ်ချစ်သူရဲ့ ဝိညာဥ်အစိတ်အပိုင်းတစ်ခုဟာရှောင်ပိုင်ဆီမှာ ရောက်နေပြီဖြစ်သည်။ ထိုကိစ္စကိုတော့ဂရမ်နစ်ဒီတစ်သတ်သတ်သိမှာမဟုတ်ပေ။

ရှောင်ပိုင်ကတော့သူ့ရှေ့မကြာခဏချစ်ပြနေတဲ့ နှစ်ယောက်ကြောင့်ဒေါသတွေမကြာခဏ ထွက်ထွက်လာခဲ့ရတယ်..သူ့ရှေ့မှာရှိသမျှပန်းအိုတွေကိုလည်း ရိုက်ခွဲခဲ့။ စတားဗစ်(ခ်)ကတော့မကြာခဏကွဲကွဲနေတဲ့ပန်းအိုးတွေကို စိတ်ထဲတောင်မထားပေ။ သူချစ်ရတဲ့နစ်ကိုစိတ်ထဲမှာသာထားခဲ့တယ်..ဂရမ်နစ်လိုချင်သမျှကိုလည်း အကုန်ဖြည့်ဆည်းပေးခဲ့။ စတားဗစ်(ခ်)ရဲ့လက်အောက်ငယ်သားများဟာလည်း ဂရမ်နစ်ကိုစိတ်ကွက်သွားအောင်မလုပ်ရဲကြပေ။

villain boss(s-3)Where stories live. Discover now