Arc-4.13

848 88 28
                                    

ကျောင်းမှာလည်းရှောင်းဟွေ့ရဲ့အကြောင်းတွေပြောကြတော့တယ်..သူတို့အကုန်လုံးမနေ့ညထဲက ကိစ္စများကိုသိလာခဲ့ကြတာဖြစ်တယ်..တစ်ချို့ကတော့ရှောင်းဟွေ့ကိုပြောဆိုကြတယ်..ဒါပေမဲ့တစ်ချို့ကတော့ရှောင်းဟွေ့နဲ့ခင်မင်ရင်းနှီးနေခဲ့တာကြောင့် ရှောင်းဟွေ့ဘက်ကနေပြောပေးကြတယ်..ရှောင်းဟွေ့ကျောင်းမလာလောက်ဘူးလို့ထင်နေကျပေမဲ့ ဒါပေမဲ့ရှောင်းဟွေ့ကတော့ကျောင်းလာခဲ့တယ်...

ရှောင်းဟွေ့ကိုတွေ့တာနဲ့အကုန်တီးတိုးပြောနေကြတယ်..ရှောင်းဟွေ့ကတော့ဘာမှမသိသလိုနေနေပြီး သူ့အခန်းထဲမှာသူစာကိုသာလုပ်နေခဲ့တယ်..တစ်ခြားအခန်းထဲကသူတွေကလည်း ရှောင်းဟွေ့အခန်းရှေ့မှာခေါက်တုန့်ခေါက်ပြန်လျှောက်နေခဲ့တယ်..ရှောင်းဟွေ့နဲ့အခန်းတူကောင်မလေးတစ်ချို့ကတော့..

" ရှောင်းဟွေ့မဖြစ်နိုင်ပါဘူးဟာ..ရှောင်းဟွေ့ကအဲ့လိုလူစားမျိုးမဖြစ်နိုင်ဘူး.."

" ရှောင်းဟွေ့ကအဲ့လိုလူစားမျိုးမဟုတ်ဘူးဆိုတာ နင်ဘယ်လိုသိတာလည်း.."

" ငါရှောင်းဟွေ့နဲ့စကားတွေလည်းပြောဖူးတယ်..ရင်းရင်းနီးနီးလည်းနေဖူးတယ်လေ ငါလေ့လာကြည့်ရသလောက်ပြောပြတာ..."

" အပေါ်ယံကိုကြည့်ပြီးမဆုံးဖြတ်နဲ့..နင်ပြောသလိုဆိုရင်ကျန်းလီခန့်ကရောအရင်ကသူမကောင်းလို့ အခုလည်းမကောင်းတဲ့လူလို့ငါတို့သတ်မှတ်လို့ရရဲ့လား..အရင်ကသူဆိုးတာသူ့သူငယ်ချင်းတွေကြောင့်လေ..အခုပြသနာကျတော့လည်းတစ်စုံတစ်ယောက်ကသူ့ကို ဂျောက်ချနေတာ..သူဘယ်လောက်တောင်မှဝမ်းနည်းနေလောက်မလဲ..ကျောင်းတောင်မလာနိုင်သေးဘူး.."

" တကယ်ပဲဘယ်သူများကျန်းလီခန့်ကိုဂျောက်ဂျချင်နေတာလည်းမသိဘူး.."

" ငါကတော့ရှောင်းဟွေ့လို့ထင်တယ်.."

" ဘာလို့လည်း..."

" ဘာလို့လည်းဟုတ်လား..နင်စဥ်းစားကြည့်အုန်း..ရှောင်းဟွေ့ရောက်လာထဲကကျန်းလီခန့်အေးဆေးနေနေရလို့လား..ကျန်းလီခန့်ရဲ့အရင်သူငယ်ချင်းသုံးယောက်အနိုင်ကျင့်ကြတုန်းကလည်း ကျန်းလီခန့်ပါတယ်ဆိုပြီးမဟုတ်တကတွေပြောပြီးတိုင်တယ်လေ..နောက်သိပ်တောင်မကြာပါဘူးဗီရိုကိစ္စလည်းဖြစ်လာရော သူကရှေ့ဆုံးကနေကျန်းလီခန့်ကိုကျောင်းထွက်အောင်လုပ်တယ်လေ..သူကြီးပဲပါနေတာမထူးဆန်းဘူးလား..နောက်တော့ဒီပုံကိစ္စလည်းဖြစ်လာရော ရှောင်းဟွေ့ပိုပြီးသိသာလာတယ်နော်.."

villain boss(s-3)Where stories live. Discover now