Arc-6.3

562 63 22
                                    


( အပေါ်ကတစ်ယောက်ကဘယ်သူများပါလိမ်နော်..)

Hလို့အမည်ရတဲ့ ကုမ္ပဏီကြီးဟာအထက်ပေါင်း21 ထက်ရှိလေသည်။ အထက်18လောက်မှာတော့ Sound test roomရှိသည်။ ထိုအခန်းထဲမှာပျော်ရွင်နေတဲ့ လူသုံးယောက်လဲရှိလေတယ်..တစ်ယောက်ဟာအသက်၄၀ ကျော်လောက်ရှိတဲ့သူဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ သူထက်ငယ်ရွယ်ကြတယ်..

" ဆရာကြီး ရဲ့အကွက်တွေကအရမ်းလှတယ်ဗျာ...အခုဆိုရင်မိုကျားဝမ်ဆိုတဲ့ကောင်လေးစိတ်ဒုက္ခရောက်နေလောက်ပြီ.."

" သူဌေးမန်ပြောတာမှန်တယ်အခုဆိုရင် အဲ့ကောင်လေးဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်နေလောက်ပြီဗျာ..ဟားဟား..."

" အပျော်စောမနေကြနဲ့..မိုကျားဝမ်မှာမူရင်းစာတွေရှိနေသေးတယ်..တရားရုံးမှာသာအဲ့အကြောင်းတင်ပြလိုက်ရင်.. "

" အဲ့အတွက်ဘာမှမပူပါနဲ့ဗျာ..ကျွန်တော်တို့အားလုံးစီစဥ်ပြီးပြီ နောက်ရက်အနည်းငယ်မှာအဲ့မူရင်းစာရွက် ကျွန်တော်တို့ဆီရောက်လာလိမ်မယ်.."

" မဆိုးဘူးမဆိုးဘူး..ဒါကြောင့်မင်းတို့နှစ်ယောက်ကို ငါသဘောကျတာ..မိုကျားဝမ်ရဲ့သီချင်းတွေကအရမ်းကောင်းတယ်..အခုချိန်မှာသာသူ့ကို ကြီးမထွားလာအောင်ရိုက်မချိုးထားရင် ပိုပြီးကြီးထွားလာနိုင်တယ်..ရာရာစစကလေးစုတ်သာသာလေးကများငါ့ကို ကျော်တက်ဖို့စဥ်းစားနေတယ် အိမ်မက်သာမက်နေလိုက်..."

" ဟုတ်တယ်အဲ့ကောင်စုတ်ကကိုယ့်နေရာကိုယ်မသိဘူး..ဆရာကြီးကိုလိုက်ပြိုင်နေတာ..ဒီလိုဖြစ်တော့ကောင်းတယ်..."

" ကျွန်တော်လည်းထောက်ခံတယ်.."

ဆရာကြီးဆိုတဲ့သူရဲ့စကားကို ထောက်ခံကာပြောနေတော့သည်။ သူတို့နှစ်ယောက်ရဲ့စကားဟာဆရာကြီးဆိုတဲ့သူကို စိတ်ကျေနပ်သွားစေသည်။

" မိုကျားဝမ်ကိုထောင်ထဲထည့်ပြီးတာနဲ့ သူ့ဆီကယူထားတဲ့သီချင်းတွေကို ငါပိုကောင်းအောင်လုပ်ပြီးမင်းတို့ရဲ့ တက်သစ်စကောင်လေးတွေကိုဆိုခိုင်းမယ်.."

" ကျေးဇူးတင်ပါတယ်ဆရာကြီး..တရားရုံးကိစ္စကိုကျွန်တော်တို့နဲ့သာလွှဲထားလိုက် ဆရာကြီးကတော့အေးဆေးလေးသာနေ.."

villain boss(s-3)Where stories live. Discover now