Arc-6.4

577 58 12
                                    


( အပေါ်ကတစ်ယောက်ကတော့အဖွဲ့ဝင်လေး ဝမ်ချီပါ )

အချိန်တစ်ပတ်ဟာလည်းကုန်ဆုံးသွားခဲ့တယ်..မကြာခင်တရားရုံးကိုလည်းသွားရတော့မည်။ မိုကျားဝမ်ရဲ့သူဌေးဟာမိုကျားဝမ်ပြောတဲ့ ရှေ့နေကိုငှားရမ်းပေးခဲ့တယ်..မိုကျားဝမ်ကလည်းထိုရှေ့နေလက်ထဲ သူကိုယ်တိုင်ရေးထားတဲ့သီချင်းစာရွက်ကို ပေးလိုက်တယ်..ဝမ်ချီနဲ့ရှန်မုန်ရှီးတို့ကြောင့်မိုကျားဝမ်အဆင်ပြေလာခဲ့တယ်..

သူတို့နှစ်ယောက်ရှာပေးတဲ့သတင်းအချက်အလက်တွေဟာ တော်တော်လေးအသုံးဝင်သည်။ ထိုအချက်အလက်တွေကိုတော့ရှေ့နေဆီကိုမပေးပေ။ သူတို့လိုရမယ်ရသိမ်းထားလိုက်တယ်..နောက်ပြီးမိုကျားဝမ်ရဲ့သီချင်းကိုခိုးတဲ့သီချင်းရေးဆရာကြီးရဲ့ အကြောင်းများကိုလည်းစုံစမ်းသိရှိခဲ့တယ်..အဲ့ဆရာကြီးဟာမကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်..

သူ့ကြောင့်တက်သစ်စသီချင်းရေးဆရာလေးတွေ အသက်ဆုံးရှုံးသွားခဲ့ရတယ်..ဒါတင်မကသေးနှာဘူးလည်းတော်တော်လေးကျသည်။ သတင်းထောက်တစ်ချို့ကတော့ထိုအကြောင်းတွေကို တွေ့ခဲ့ပေမဲ့ငွေနဲ့အလဲအလယ်လုပ်ခဲ့ကြတာကြောင့် အဲ့သတင်းအပြင်ကိုပေါက်မကြားခဲ့တာဖြစ်သည်။ ထိုဆရာကြီးဆိုတဲ့သူရဲ့အနောက်မှ လူနှစ်ယောက်ရှိတယ်..

နှစ်ယောက်လုံးကတော့ထိုဆရာကြီးနဲ့ တစ်ညဏ်ထဲပင်။ သူတို့နှစ်ယောက်ကြောင့်ပျက်စီးသွားရတာတွေလည်းမနည်း။ ဒါတောင်ဆက်ပြီးမကောင်းမူ့တွေကို လုပ်နေခဲ့တယ်..သူတို့နှစ်ယောက်ရှိနေတာကြောင့် ထိုဆရာကြီးကိုထိလို့မရတာဖြစ်တယ်..မိုကျားဝမ်တို့ဟာသူတို့သိထားသမျှတွေ သူဌေးကိုမပြောပြသေးကြပေ။ ဘာလို့လည်းဆိုတော့သူလျှိုတစ်ယောက်ရှိနေတဲ့အတွက်ပေါ့။

မိုကျားဝမ်ကိုယ်ဖျောက် ပြီးလိုက်စုံစမ်းတုန်းက သူ့သူဌေးရဲ့လက်ထောက်ဟာဟိုဘက်နဲ့ တစ်ဖွဲ့ထဲဆိုတာသူသိလိုက်တယ်...တကယ်လို့သူဌေးဖြစ်သူကိုပြောလိုက်ရင် သူတို့အကြံအစည်တွေပျက်မှာဆိုးလို့ မပြောဖြစ်တာဖြစ်သည်။

ယခုတော့မိုကျားဝမ်ဟာလသာဆောင်မှာ ဆေးလိပ်သောက်ရင်းလကိုကြည့်နေခဲ့တယ်..ညကလည်းအတော်နက်နေပြီဖြစ်တာကြောင့် ဝမ်ချီနဲ့ရှန်မုန်ရှီးတို့ကတော့အိပ်ပျော်နေပြီဖြစ်တယ်...မိုကျားဝမ်ဟာအလှမျက်မှန်တစ်လက်ကိုတပ်ထားလေသည်။ ညအိပ်ဝတ်စုံကလည်းလျော့တီလျော့ရဲဖြစ်နေတာကြောင့် ရင်သားတစ်ချို့ကိုတောင်မြင်နေရသည်။ အဲ့အချိန်မှာပဲမိုကျားဝမ်ဘေးနားကိုကောင်လေးတစ်ယောက် ရောက်လာခဲ့တယ်..

villain boss(s-3)Where stories live. Discover now