Arc-2.5

1.3K 151 11
                                    


အခုဆိုရင်လိုင်းပေါ်၌ဟန်မြောင်ဂမ်နာမည်ကြီးသွားခဲ့တယ်..နာရေးကိုတိုက်ရိုက်လွှင့်နေကြတဲ့အတွက်ကြောင့် ဟန်မြောင်ဂမ်မသေပဲပြန်လာတာကိုအားလုံးတွေ့မြင်သွားကြပြီ။ ဆက်ပြီးဖြစ်လာမဲ့အရာများကိုလည်း အကုန်လုံးရင်တထိတ်ထိတ်နဲ့စောင့်မျှော်နေခဲ့ကြတယ်..

ဟန်မြောင်ဂမ်ဟာကြောက်လန့်နေတဲ့ ဂန်ဟာရမ်ကိုကျေနပ်အားရစွာနဲ့ကြည့်နေတော့တယ်..ဂန်ဟာရမ်ရဲ့အဖေဟာသူ့သမီးအကြောင်းတွေ ပေါ်သွားမှာကြောက်လို့..

" တူလေး ဦးလေးကိုမုန်းနေတာသိပါတယ်ကွာ ဒါပေမဲ့ဦးလေးသမီးနဲ့မသက်ဆိုင်.."

" ခင်ဗျားသမီးနဲ့သက်ဆိုင်တယ်လို့ရော ပြောနေလား..."

" .... "

" ကျွန်တော်ဒီရောက်ထဲကသူ့ကိုဘာစကားမှမ​ပြောဘူးနော် ဂရုကိုမစိုက်တာ.. အဲ့ဒါကိုခင်ဗျားသမီးက ပတ်ဆွန်းအတွက်ဝင်ပြောနေတာလေ..ထူးဆန်းတယ်ကျွန်တော်သိသလောက် ပတ်ဆွန်းနဲ့သူနဲ့ကမတွေ့ဖူးပါဘူး ဘယ်လိုဖြစ်လို့သူ့အတွက်ဝင်ပြောပေးနေပါလိမ်.."

"......"
ဂန်ဟာရမ်ရဲ့အဖေလုပ်မှအားလုံးရှုပ်သွားတော့တယ်..သူ့ရဲ့အကြံဟာသူတို့သားအဖကိုသနားလာအောင် ဇာတ်ခင်းမလိုဖြစ်တယ်..ဒါပေမဲ့ယခုတော့အားလုံးလွဲကုန်သွားပြီ။ ဂန်ဟာရမ်ဟာထိုစကားတွေကြောင့် ပိုပြီးတော့တောင်ကြောက်စိတ်တွေဝင်လာခဲ့တယ်..ဒါ့ကြောင့်ခေါင်းကိုသာအသေငုတ်ထားခဲ့။ ပတ်ဆွန်းနယ်ဟာသူ့ချစ်သူလေးကြောက်နေတာကိုမြင်ရော..စကားလမ်းကြောင်းလွဲဖို့ကြိုးစားတယ်..

" ဟန်မြောင်..မင်းဒီအတော်အတွင်းပင်ပန်းလာမှာပဲ ငါတို့အိမ်ပြန်ပြီးအနားယူလိုက်ရအောင်..."

" သြော်..ငါ့အတွက်မင်းတွေးပေးသေးတယ်ပေါ့.."

" ငါ..."

" တော်စမ်းပါ မင်းဘာစောက်အပိုတွေပြောနေတာလည်း..ငါထင်ထားသလိုမဟုတ်လောက်ပါဘူးလို့ ကိုယ့်ကိုယ်ကိုပြန်ပြောရင်းဖြေသိမ့်နေရတာပဲ..ဒါပေမဲ့အခုတော့ငါထင်ထားသလိုပဲ..."
ပြောရင်းနဲ့မျက်ရည်တုများကျလာ​တော့သည်။ ဟန်မြောင်ဂမ်ပြောချင်တာကိုဂင်ဂျွန်ယောင်းကလွဲရင် ဘယ်သူမှနားမလည်ကြ။

villain boss(s-3)Where stories live. Discover now