Arc-7.12

376 43 13
                                    


ကိုးရိုဟာထုံးစံတိုင်းစက်ဘီးလေးနဲ့ ကျောင်းကိုသွားခဲ့တယ်..ကျောင်းပေါက်ဝကိုလဲရောက်ရော သူ့ကိုစောင့်နေတဲ့နှစ်ယောက်ကြောင့် တစ်ချက်ပြုံးလိုက်မိ။ မုရီနဲ့ရှီဂီဟာအမြဲတမ်းကျောင်းပေါက်ဝမှာ ကိုးရိုကိုစောင့်နေကြတာဖြစ်တယ်..ကိုးရိုလည်းစက်ဘီးပေါ်ကနေဆင်းပြီး ထိုနှစ်ယောက်နဲ့အတူတူကျောင်းထဲဝင်သွားတော့တယ်..

အတန်းပိုင်ဆရာစာသင်ချိန်လည်းပြီးရော ခဏနားဖို့အချိန်ရခဲ့တယ်..ရှီဂီဟာထုံးစံတိုင်းကိုးရိုဘက်ကိုလှည့်ပြီး စကားတွေပြောခဲ့။ မုရီကတော့ကိုးရိုကို..

" ကိုးရိုဆရာကမင်းကိုတွေ့ချင်တယ်တဲ့.."

" ဘာ...ဆရာယုဂီပြန်ရောက်နေပြီပေါ့.."

" ဟုတ်တယ်မနေ့ညထဲကပြန်ရောက်နေတာ.."

" ကိုးရိုထွက်လို့ရပါ့မလား..ခဏနေရင်ဆရာလာတော့မှာလေ..."
ရှီဂီထိုသို့ပြောလိုက်ရော ကျန်တဲ့နှစ်ယောက်ငြိမ်သွားခဲ့။ ကိုးရိုကိုအပြင်ထွက်နိုင်အောင်ဘယ်လိုလုပ်ပေးရမလဲ စဥ်းစားတော့တယ်..ရှီဂီဟာအကြံတစ်ခုရသွားခဲ့။ ကိုးရိုကိုဗိုက်နာနေတယ်လို့အကြောင်းပြပြီး ဆေးပေးခန်းထဲမှာတွေ့ကျလို့အကြံပေးလိုက်တယ်..

ရှီဂီပေးတဲ့အကြံကိုနှစ်ယောက်သားကြိုက်သွားပြီး ထိုအတိုင်းလုပ်ဖို့ဆုံးဖြတ်လိုက်တယ်..မုရီကလည်းသူ့ဆရာကိုဆေးပေးခန်းမှာစောင့်နေဖို့ စာလှမ်းပို့လိုက်တယ်..ဆရာလည်းဝင်လာရောရှီဂီအကြံပေးတဲ့အတိုင်း ကိုးရိုဟာဗိုက်နာနေတယ်လို့အကြောင်းပြပြီး အခန်းထဲကနေထွက်နိုင်သွားခဲ့တယ်..

ကိုးရိုလည်းအခန်းထဲကနေထွက်နိုင်ရော ကျောင်းဆေးပေးခန်းဆီကို ဦးတည်သွားခဲ့။ ဘေးပတ်ကိုလူရှိမရှိသေချာကြည့်ပြီး အခန်းထဲဝင်သွားခဲ့တယ်..အခန်းထဲရောက်ပြီးတံခါးလည်းပြန်ပိတ်ရော သူ့ကိုတစ်စုံတစ်ယောက်နမ်းပါရော။ ကိုးရိုဟာရင်းနှီးတဲ့အငွေ့အသက်လေးကြောင့် သူ့ကိုဘယ်သူနမ်းနေလည်းသိသွားခဲ့တယ်...သူလည်းလွမ်းနေတာကြောင့်မငြင်းပဲ ပြန်ဖက်ကာနမ်းလိုက်သည်။

ဆာယုဂီလည်းသူ့ကိုမတွန်းထုတ်တဲ့အပြင် ပြန်နမ်းလာတဲ့ကိုးရိုကို အသေဖက်တွယ်ပြီးပြင်းပြင်းရှရှနမ်းရှိုက်တော့သည်။ ထိုအခန်းထဲမှာသွားချင်းထိမိတဲ့အသံများ ပြင်းပြတဲ့အသံရူသံများထွက်လာတော့သည်။ ရှောင်ပိုင်လေးကတော့ပေါက်ပေါက်စုတ်ကိုစားရင်း ဆရာဝန်ထိုင်ရတဲ့ထိုင်ခုံလေးမှာထိုင်ကာ ကိုးရိုတို့နမ်းနေတာကို live ကြည့်နေလေတယ်..

villain boss(s-3)Where stories live. Discover now