Arc-4.11

830 85 15
                                    

ဗီရိုထဲမှာပါရှိတာတွေကတော့ ကျန်းလီခန့်သူငယ်ချင်းသုံးယောက်ကျန်းလီခန့်ဆီလာပြီး သူတို့ကိုကူညီပေးဖို့တောင်းဆိုတာတွေ၊ ကျန်းလီခန့်ကိုသူငယ်ချင်းကောင်းမဟုတ်ဘူးလို့ ပြောနေတာတွေ၊ ကျန်းလီခန့်သူ့သူငယ်ချင်းသုံးယောက်ကိုပြန်ပြောခဲ့တာတွေ၊ သူငယ်ချင်းအဖြစ်ကနေရက်စဲတာတွေ ပါနေခဲ့တယ်..ဆရာဝင်လာတဲ့အချိန်မှာထိုဗီရိုဟာရပ်သွားခဲ့တယ်..

ကျန်းလီခန့်ဟာထိုဗီရိုလည်းပြီးရော ပြန်ဖြောင့်ထားလိုက်ပြီး..

" ကဲအားလုံးလည်းတွေ့လိုက်ကြပြီမှတ်လား..ဘယ်လိုခံစားနေရလည်း..ကျွန်တော်ကတော့အဲ့ဗီရိုကိုစစတွေ့တုန်းက တစ်မျိုးကြီးပဲခံစားလိုက်ရတယ်.."

" အာ..ဒီအကောင့်ပိုင်ရှင်မေးထားလို့ကျွန်တော်ဖြေလိုက်မယ်နော်.. ဒီဗီရိုကိုကျွန်တော်ဘယ်လိုတွေ့တာလည်းဆိုတော့ ကောင်မလေးတစ်ယောက်ကလာပို့တာဗျ.."
ဆိုပြီးကျန်းလီခန့်ဟာဖုန်းထုတ်လိုက်ပြီး သူ့ကိုဗီရိုလာပို့တဲ့ကောင်မလေးနဲ့ ပြောထားတာတွေအားလုံးတွေ့အောင်ပြလိုက်တယ်..

" သူကကျန်းလီခန့်နဲ့တစ်ခန်းထဲဗျ..ဘယ်သူလည်းဆိုတာတော့ကျွန်တော်မပြောတော့ဘူး..အဲ့တုန်းကသူအဲ့ကိစ္စကိုဗီရိုရိုက်ထားခဲ့လို့ ကျွန်တော်ကိုလာပို့ပေးထားတာ...ကျန်းလီခန့်ကအရင်ကလိုမဟုတ်တဲ့အကြောင်းတွေ ကျွန်တော်ကိုလာပြောပြထားသေးတယ်..ဒါကြောင့်လည်းကျွန်တော်ကဒီကိစ္စကိုပြောပြရတာ.."

" ဒီလိုလုပ်ကြရအောင် ကျွန်တော်တို့တွေကျန်းလီခန့်အနိုင်​ဆက်ကျင့်သေးလားဆိုတာ သိရအောင်လိုင်းပေါ်မှာ ကျန်းလီခန့်အနိုင်ကျင့်တာခံလိုက်ရတဲ့သူတွေကို သွားမေးကြည့်ကြမယ်လေ အားလုံးလည်းသိချင်ကြတယ်မှတ်လား..ဒါဆိုရင်သွားမေးကြည့်ကြမယ်.."
လို့ပြောပြီး ကျန်းလီခန့်အနိုင်ကျင့်ပါတယ်လို့ လိုင်းပေါ်မှာပြောထားတဲ့သူတွေကို စာသွားပို့တော့တယ်..

အားလုံးကလည်းစိတ်ဝင်တစားနဲ့ကြည့်နေကြတော့တယ်..ရှောင်းဟွေ့ကတော့စိုးရိမ်စွာနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်နေခဲ့တယ်..ကျန်းလီခန့်ဘက်ကနေဟိုဘက်တွေကိုစာပို့ရော..တစ်ချို့သူတွေဟာစာပြန်လာပြီးတစ်ချို့တွေကတော့ကျန်းလီခန့်ကို ဘလော့ကြတယ်..

villain boss(s-3)Where stories live. Discover now