Arc-5.3

723 79 8
                                    

( ဇာတ်လိုက်အောတစ်ခ်ပါ)

ကိစ္စများဖြစ်သွားပြီးနောက်ပိုင်းမှာ ဂရမ်နစ်ကိုလူသိများလာခဲ့တယ်..ဂရမ်နစ်ဆီကိုလာပြီးကုသသူရဲ့ပုံပန်းသွင်ပြင်ကိုလည်း လာမေးမြန်းကြတယ်..အမတ်တွေကိုယ်တိုင်ကိုယ်ကျလာပြီးတော့လည်း မေးမြန်းကျတယ်..အဲ့သတင်းဟာဘုရင်ကြီး နားထဲသို့ရောက်သွားခဲ့တယ်..

" အောတစ်(ခ်)..အဲ့သတင်းတွေကအမှန်ပဲလား..."

" ဟုတ်ပါတယ်အဖေ..ကုသသူတစ်ယောက်ပေါ်ပေါက်လာခဲ့ပါပြီ.."

" အဲ့ကောင်လေးသူ့ကိုကယ်ခဲ့တဲ့သူကိုမမှတ်မိသေးဘူးလား.."

" သူအဆိပ်မိထားတော့ သူအမြင်တွေဝေဝါးနေခဲ့တယ်တဲ့ အဲ့ဒါကြောင့်သူမမြင်လိုက်ရဘူးလို့ပြောတယ်.."

" တကယ်လို့သာအဲ့ကုသသူကိုရှာတွေ့ခဲ့ရင် ငါတိုင်းပြည်အတွက်ကောင်းတဲ့အရာတစ်ခုပဲ..."
ဘုရင်ကြီး ဟာကုသသူကိုရှာဖို့စိတ်အားထက်သန်ခဲ့တယ်..ဒါ့ကြောင့်အောတစ်(ခ်)ကိုရှာဖို့ခိုင်းစေတော့သည်။ အဲ့အချိန်မှာပဲရဲမက်တစ်ယောက်ဟာဝင်လာကာ လူတစ်ယောက်ဝင်ခွင့်တောင်းဆိုတာကိုပြောပြခဲ့တယ်..

ထိုသူကတော့ဂရမ်နစ်သာဖြစ်သည်။ ဘုရင်ကြီးဟာဂရမ်နစ်ကိုသိတာကြောင့် ချက်ချင်းဝင်ခွင့်ပေးခဲ့တယ်..ဂရမ်နစ်ကတော့ဘုရင်ကြီးကိုအရိုအသေပေးပြီးတာနဲ့ သူလာရင်းကိစ္စကိုပြောပြတော့တယ်..

" ဘုရင်မင်းကြီးကျွန်တော်ကုသသူရဲ့ပုံပန်းသွင်ပြင်ကို သတိရလာလို့လာအကြောင်းကြားတာပါ.."

" မြန်မြန်ပြောသူဘယ်လိုမျိုးလည်း..."

" သူကမိန်းကလေးတစ်ယောက်ဖြစ်ဖို့များတယ်..သူ့ဆီကနေသစ်ခွပန်းအနံ့လေးကိုလည်းရတယ်.."

" မိန်းကလေး..သစ်ခွပန်းနံ့..အောတစ်(ခ်).."

" သားတော်ရှိပါတယ်.."

" ဂရမ်နစ်ပြောတဲ့အတိုင်းလိုက်ရှာကြည့်..မိန်းကလေးကိုဦးစားပေးပြီးရှာ.."

" ဟုတ်ကဲ့..."

" ဂရမ်နစ်မင်းကဒီလိုအရေးကြီးသတင်းကိုပေးတဲ့အတွက် ဆုချတယ်..."

" ကျေးဇူးကြီးမြတ်လှပါတယ်အရှင်မင်းကြီး.."

အောတစ်ခ်နဲ့ဂရမ်နစ်တို့ဟာဘုရင်ကြီးကိုနှုတ်ဆက်ပြီး ထွက်လာခဲ့ကြတယ်..ဂရမ်နစ်ကိုတော့ဘုရင်ဆုလာဘ်တော်တွေချီးမြင့်ခဲ့တယ်..အောတစ်ခ်ဟာလူသူရှင်းမဲ့တဲ့နေရာလည်းရောက်ရော..

villain boss(s-3)Where stories live. Discover now