Between life

785 70 9
                                    

" ယန်အောင်မြင်တဲ့အတွက်ဂုဏ်ယူပါတယ်.."

" တုဏ်ယူတာတယ် တိုတိုရန်.."
( ဂုဏ်ယူပါတယ်ကိုကိုယန် )

ယန်ဟာအဖြူရောင်အခန်းထဲရောက်ရောက်ချင်မှာပဲ သူ့ကိုကြိုဆိုနေတဲ့အသံနှစ်သံကြောင့် ပြုံးလိုက်မိတယ်..ထိုအသံနှစ်သံရဲ့ပိုင်ရှင်ဟာ ရှောင်ကျန့်နဲ့ရှောင်ဟွားသာဖြစ်တယ်..ရှောင်ဟွားဟာအခုဆိုရင်စကားကိုမပီတပီပြောတက်နေပြီ။ ရှောင်ပိုင်ဟာသူ့ကိုကျတော့မပြောလို့ စူပုတ်ပုတ်နဲ့...

' မင်းတို့နှစ်ယောက်ကလည်းအကျင့်မကောင်းလိုက်တာ ငါ့ကိုကျတော့မကြိုဆိုဘူး..'

' ဟန့်..မေ့သွားလို့ကြို...'

' ခဏလေးငါပြန်လာတဲ့ပုံစံလုပ်လိုက်မယ် အဲ့အခါမှပြော...'
ဆိုပြီးရှောင်ပိုင်ပျောက်သွားခဲ့တယ်..ယန်ဟာကလေးဆန်နေတဲ့ရှောင်ပိုင်ကို ကြည့်ပြီးခေါင်းခါနေတော့တယ်..ရှောင်ကျန့်ကတော့ရှောင်ဟွားလေးကို သူနဲ့ကြိုဆိုပေးဖို့ပြောတော့တယ်..ခဏအကြာရှောင်ပိုင်ဟာယခုမှဒီနေရာကိုပြန်လာတဲ့ပုံစံဟန်ဆောင်တော့တယ်..

ထိုအခါရှောင်ကျန့်နဲ့ရှောင်ဟွားလေးတို့ဟာ လက်ခုတ်တွေတီးပြီး..

' ငါ့ရဲ့သူငယ်ချင်းရှောင်ပိုင်အရမ်းတော်တာပဲ အောင်မြင်အောင်လုပ်ပေးလိုက်ရလို့ပင်ပန်းသွားပြီ..'

' တိုတိုပိုင် အရန်းတော်ဒယ်..'
( ကိုကိုပိုင်အရမ်းတော်တယ်.. )

' အဲ့လောက်လည်းမဟုတ်ပါဘူး..'
စကားကတော့သာမန်ဆိုပေမဲ့ပြောလိုက်တဲ့လေသံမှာတော့ ဂုဏ်ဆာနေတဲ့လေသံမျိုးဖြစ်သည်။ ယန်ဟာခေါင်းတစ်ချက်ခါလိုက်ပြီး..

" ကဲရှောင်ပိုင်ကစားလို့ဝပြီလား.."

' bossကလည်းပျော်နေတဲ့အပျော်ကိုလာလာဖျက်စီးတာပဲ..တကယ်ပါပဲဟွန့်.. '

"....."

ထိုအချိန်ရှောင်ကျန့်ဟာလုပ်စရာလေးရှိတဲ့အတွက်ကြောင့် ယန်နဲ့ရှောင်ပိုင်ကိုနှုတ်ဆက်ကာ ရှောင်ဟွားလေးကိုခေါ်ပြီးထွက်သွားတော့တယ်..ထိုအခါမှယန်ဟာ..

' ကဲ..အခုboss မှာဘာတွေရှိလည်းမရှိဘူးလည်းဆိုတာပြောမယ်..အဲ့ဒါမပြောခင်အရင်ဦးဆုံးကျန်းလီခန့်ရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်သွားတဲ့အတွက်ဂုဏ်ယူပါတယ်..'

villain boss(s-3)Where stories live. Discover now