Arc-3.4

1K 104 24
                                    

( ဇာတ်လိုက် ukeလေးလင်းချန်)

ဝမ်ဟိုက်ရှင်းရဲ့အကြောင်းကိုသိပြီး ယန်ဟာဝမ်ဟိုက်ရှင်းရဲ့မိထွေးကို တော်တော်လေးရွံသွားခဲ့တယ်..ချက်ချင်းမသတ်ပဲနှိပ်စက်ပြီးမှသတ်မယ်လို့လည်း ဆုံးဖြတ်လိုက်တယ်..နောက်တော့ဝမ်ဟိုက်ရှင်းရဲ့အိမ်ကိုရောက်လာခဲ့တယ်..အိမ်ရှေ့ကိုလည်းရောက်ရောညည်းသံတစ်ချို့ကိုကြားလိုက်ရတာကြောင့် ခြေလှမ်းကိုရပ်လိုက်တယ်..

" ချီး..မနက်စောစောစီးစီးဆက်ဆံနေကြတာလား.."

' ဘာမှမထူးဆန်းပါဘူးbossရာ လူဆိုတာဆက်ဆံချင်တဲ့အချိန်ဆက်ဆံမှာပဲလေ boss တောင်အတူတူပဲမဟုတ်ဘူးလား.. '

" မင်းကလည်းဘယ်အချိန်ထဲကငါ့ကိုအပြစ်ပြောချင်နေတာလည်းမသိဘူး ပြောဖို့ကြီးပဲ.."

' အစထဲက.. '

"....."

ယန်အဲ့နေရာမှာရပ်နေခဲ့တယ်..အသံတွေလုံးဝတိတ်သွားတဲ့အခါမှ အထဲကိုဝင်သွားခဲ့တယ်..ခုနကအသံတွေထွက်နေတဲ့အခန်းထဲကို တစ်ခါထဲတန်းဝင်သွားလိုက်တယ်..အခန်းထဲရောက်ရောကြည့်အကောင်းအောင်ရှုပ်ပွနေတဲ့ အဝတ်အစားများနဲ့အိပ်ယာပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ဖက်တွယ်ထားတဲ့ လူနှစ်ယောက်လည်းရှိတယ်..

သူတို့နှစ်ယောက်ဟာယန်ကိုလည်းတွေ့ရော အော်လိုက်ပြီးသူတို့ရဲ့မလုံတလုံကိုယ်တွေကို စောင်တွေနဲ့ခြုံနေတော့တယ်..မိန်းမကြီးဟာယန်လက်ညိုးထိုးပြီး..

" နင်ဘယ်သူလည်းဘာလို့ငါ့အိမ်ထဲရောက်နေတာလည်း..အခုချက်ချင်းထွက်သွားစမ်း.."
ထိုမိန်းမကြီးရဲ့ဘေးနားကလူကြီးဟာတော့..ယန်ကိုခေါင်းစခြေဆုံးကြည့်ပြီး လျှာတစ်ချက်သက်လိုက်ကာ..

" မင်းကငါမြင်ဖူးတဲ့ကောင်လေးတွေထဲမှာ အချောဆုံးပဲ အရသာလည်းရှိလောက်မယ်..မင်းငါတို့နဲ့ပေါင်းချင်လို့မှတ်လား.."
ယန်ဟာအဲ့စကားကိုကြားတော့ ဘာမှမခံစားရပေမဲ့ရှောင်ပိုင်ကတော့ သူ့bossအစားဒေါသထွက်နေခဲ့တယ်..

' boss အဲ့ခွေးကောင်ကဝမ်ဟိုက်ရှင်းနဲ့အိပ်ဖို့လုပ်တဲ့တစ်ယောက်.. '

ရှောင်ပိုင်ရဲ့စကားကိုကြားရော တစ်ချက်ပြုံးမိလိုက်တယ်..သူပြုံးတယ်ဆိုတာကထိုလူသူ့အရှေ့မှာရောက်နေတဲ့အတွက်ကြောင့်ပေါ့။ ဒါပေမဲ့ဟိုဘက်ကနှာဘူးကတော့ ယန်သဘောတူလို့ပြုံးလိုက်တယ် ထင်သွားခဲ့တယ်..ထိုလူကြီးဟာချက်ချင်းကုတင်ပေါ်ကနေဆင်းလိုက်ပြီး ယန်ဆီကိုလျှောက်လာတော့သည်။

villain boss(s-3)Where stories live. Discover now