Arc-1.4

1.9K 179 3
                                    


( အပေါ်ကတစ်​ယောက်ကတော့ဇာတ်လိုက် uke လေးဟာဂျီဝန်ပါ )

အိုမန်ဆိုးဟာညနေလောက်မှာပြန်နိုးလာခဲ့တယ်..မနက်ကပင်ပန်းနေတဲ့အရှိန်ကြောင့် ပိုပြီးအိပ်ကောင်းသွားတာဖြစ်သည်။ သူနိုးလာရောအပျင်းကျော်တစ်ချက်ဆန့်ကာ ရှောင်ပိုင်ကိုအရင်ရှာနေခဲ့တယ်..မျက်နှာစူပုတ်ပုတ်နဲ့ဖြစ်နေသော်ရှောင်ပိုင်ကို အိုမန်ဆိုးတွေ့လိုက်တော့သည်။ ရှောင်ပိုင်ကြောင့်သူလည်းအိပ်ချင်စိတ်တောင်ပြေသွားတာကြောင့်..

" ရှောင်ပိုင် ဘာဖြစ်လာတာလည်း.."

' ဘာဖြစ်ရမှာလည်းဗျာ rsတွေရှို့တာခံလိုက်ရလို့..'

" rs??.."

' ဟုတ်တယ် ကျွန်တော်သူငယ်ချင်းအတွဲ ကျွန်တော်ရှေ့မှာတောင်ချစ်ပြနေကြတာ..စိတ်တောင်ညစ်တယ်..'

" ဒါများလွယ်လွယ်လေး မင်းတစ်ယောက်ရှာလိုက်လေ.."

' boss ပြောတာလည်းမှန်သား ကျွန်တော်ဘယ်လိုရှာရမှာလည်း...'

" ကင်းမှီးကောက်ထောင်ပြီးရှာ.."
လို့ပြောကာရေချိုးခန်းထဲဝင်သွားတော့သည်။ ရှောင်ပိုင်ဟာသူ့ကိုရွဲ့စောင်းပြောသွားတဲ့ သူ့bossကိုဆဲပါလေရော။

%%%

ကျွန်တော်နာမည်ကိုတောင်ကျွန်တော်မသိတော့ဘူး။ တောထဲမှာယောင်လည်လည်နဲ့သွားနေခဲ့တယ်..ဘာလို့တောထဲရောက်နေတာလည်း ကျွန်တော်မသိဘူး။ တစ်ချက်ချက်ကျရင်ခေါင်းကနာကျင်လာရော အရိုက်ခံထားရတာကြောင့်ပေါ့။ ဘယ်သူရိုက်တာလည်းကျွန်တော်မမှတ်မိပေမဲ့ မှတ်မိလာတဲ့တစ်နေ့ကျွန်တော်ကိုရိုက်တဲ့ကောင်တွေကို ပြန်ရိုက်ဖို့မှတ်ထားတယ်...

ကျွန်တော်လျှောက်နေခဲ့တယ် ခြေဦးတည်ရာကိုနောက်တော့လျှောက်နေရင်း မီးအလင်းရောင်အသေးလေးကိုမြင်လာခဲ့တယ်..အဲ့လာတဲ့မီးအရောင်ဆီကိုကျွန်တော်ဆက်လျှောက်သွားခဲ့တယ်..ရောက်လည်းရောက်ရော ကျွန်တော်ကိုသတိအနေထားနဲ့ကြည့်နေတဲ့ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတဲ့အပြင် ကျွန်တော်ကိုစောင့်နေတဲ့အကြည့်နဲ့ကြည့်နေတဲ့တစ်ယောက်ကိုလည်း တွေ့လိုက်ရတယ်..

villain boss(s-3)Where stories live. Discover now