Arc-4.7

860 97 22
                                    


ကျန်းလီခန့်ဟာသူ့ကိုကျောင်းမသွားဖို့ပြောနေကြတဲ့ လူအုပ်ကြီးကိုဖြောင့်ဖြနေရတော့တယ်..ပါးကဒဏ်ရာလေးဟာအနည်းငယ်လေးသာဖြစ်တယ်..ဒါပေမဲ့သူ့မိဘနှစ်ပါးကရောသူ့အိမ်ကသူတွေရောသူ့ကို ကျောင်းမသွားပဲနားဖို့တိုက်တွန်းကြတယ်..တကယ်လို့သူသာကျောင်းမသွားဘူးဆိုရင် ရှောင်းဟွေ့ဘယ်လိုတွေများလုပ်မလဲဆိုတာ ကြည့်မရတာကြောင့် သူသွားမှကိုဖြစ်မည်။

ကျောင်းရှေ့ကိုရောက်တာတောင်သူ့မိဘနှစ်ပါးမှာကြားမူ့ကို ထိုင်နားထောင်နေခဲ့ရတယ်..သူ့ပါးနာရင်ဆေးရုံသွားဖို့တစ်ခုခုဖြစ်တာနဲ့ သူတို့ကိုလှမ်းခေါ်ဖို့အထက်ထက်အခါခါမှာနေခဲ့တယ်..သူလည်းမနည်းပြောပြီးကားပေါ်ကနေပြေးဆင်းကာ ကျောင်းထဲကိုဝင်ပြေးလိုက်တယ်..ကျောင်းထဲဝင်တာနဲ့သူ့ကိုပဲကြည့်နေကြတယ်သူတွေကိုတွေ့လိုက်ရတယ်..အဲ့အကြည့်တွေဟာမယုံကြည်နိုင်တဲ့အကြည့်တွေသာဖြစ်သည်။

တစ်ချို့ဆိုရင်ကိုယ့်အချင်းချင်းတိုးတိုးတိတ်တိတ်ပြောနေခဲ့ကြတယ်..ကျန်းလီခန့်ကလည်းရှောင်းဟွေ့တစ်ခုခုလုပ်လိုက်ပြီဆိုတာကို သိလိုက်တာကြောင့်တစ်ချက်ပြုံးလိုက်မိ။ နောက်တော့ဘယ်သူ့ကိုမှဂရုစိုက်မနေတော့ပဲ သူ့အခန်းထဲကိုသာသွားတော့တယ်..အခန်းထဲရောက်တာနဲ့ခနကအကြည့်တွေနဲ့တိုးခဲ့တယ်..

ကျန်းလီခန့်ကိုတွေ့တာနဲ့ကောင်မလေးတစ်ယောက်ဟာ ပြေးလာပြီးကျန်းလီခန့်ကိုဗီရိုတစ်ခုပြကာ..

" ဒါ..နင်မဟုတ်ဘူးမှတ်လား.."
ကျန်းလီခန့်လည်းဗီရိုကိုစိတ်ဝင်တစားနဲ့ကြည့်လိုက်တယ်..ဗီရိုထဲ၌ကောင်လေးတစ်ယောက်ရဲ့နောက်ကျော်ကိုသာမြင်နေရတယ်..အဲ့နောက်ကျော်ဟာသူ့နောက်ကျော်နဲ့ဆင်တူလှတယ်...အဲ့ဗီရိုထဲကတစ်ယောက်ဟာတုတ်နဲ့ကောင်လေးတစ်ယောက်ကို ရိုက်နှက်ခဲ့တယ်..အမှောင်ထဲမှာခိုးရိုက်ထားတာကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရ။ အရိုက်ခံရတဲ့တစ်ယောက်ပြန်ခုခံပြီး သူ့ကိုရိုက်တဲ့ကောင်လေးရဲ့မျက်နှာကိုဒဏ်ရာရအောင် လုပ်လိုက်တယ်..

အဲ့ဒဏ်ရာရသွားတဲ့တစ်ယောက်ဟာ နောက်ကိုမလှည့်လာပေမဲ့ ညာဘက်ဘေးကိုလှည့်လိုက်တာကြောင့် ညာဘက်ပါးမှာဒဏ်ရာရသွားတာကို မြင်လိုက်ရတယ်..ကျန်းလီခန့်ရဲ့ဒဏ်ရာနဲ့ခက်ဆင်ဆင်ပေ။ အဲ့ဗီရိုထဲကကောင်လေးဟာနောက်တော့ သူ့ကိုဒဏ်ရာရအောင်လုပ်တဲ့တစ်ယောက်ကို ထက်ပြီးရိုက်နေခဲ့တယ်..မလှုပ်မရပ်ဖြစ်သွားတော့မှသူ့လက်ထဲကတုတ်ကိုချလိုက်ပြီး လေလေးချွန်ပြီးထိုနေရာကနေထွက်သွားခဲ့။

villain boss(s-3)Where stories live. Discover now