Arc-8.2

254 25 12
                                    

" မိဖုရားခေါင်းကြီးကိုဂါဝရပြုပါတယ်..."

" အဖေအဲ့လိုတွေအရိုအသေပေးစရာမလိုပါဘူး..ထပါ..."

" အဖေဆိုပေမဲ့ရာထူးကြီးတဲ့သမီးလေးကို ဂါဝရပြုရမှာပဲလေ.."

" အကုန်လုံးထွက်သွားကြ..."

" ဟုတ်ကဲ့..."
အစေခံများစွာဟာ တိတ်တဆိတ်ဖြင့်အခန်းထဲကနေထွက်ခွာသွားကြတယ်..ယခုဆိုရင်အခန်းထဲမှာအသက်ကြီးကြီးယောကျာ်းလေးရယ်..ငယ်ငယ်ရွယ်ရွယ်နဲ့ချောမောလှပတဲ့မိန်းကလေးတစ်ယောက်လည်းရှိတယ်..သူတို့နှစ်ယောက်ဟာသားအဖတွေသာဖြစ်သည်။

အဖေဖြစ်သူကတော့ယွမ်အမတ်ကြီးဖြစ်ပြီး သမီးဖြစ်သူကတော့မိဖုရားခေါင်းကြီးယွမ်လိန်မိန်သာဖြစ်တယ်..သားအဖနှစ်ယောက်လုံးဟာမကောင်းတဲ့သူများဖြစ်သည်။ ကျန်းကန်ရင်းအသက်15 နှစ်မှာယွမ်လိန်မိန်နဲ့လက်ထက်ဖို့ အမတ်များစွာတိုက်တွန်းခဲ့။ ယွမ်အမတ်ကြီးကသူ့သမီးကလွဲရင် ဘယ်မိန်းကလေးတွေကိုမှမင်းကြီးမယူအောင်သူအမျိုးမျိုးလုပ်ခဲ့တယ်..

ဒါကြောင့်လည်းကျန်းကန်ရင်းမှာ ယွမ်လိန်မိန်ကလွဲရင်ဘယ်သူမှမရှိပေ။ ယွမ်အမတ်ကြီးဟာမင်းကြီးရာထူးကိုလိုချင်တပ်မက်နေသော် သူဖြစ်သည်။ နောက်ကွယ်ကနေလည်းကျန်းကန်ရင်းကိုအမျိုးမျိုးချိန်းခြောက်ခဲ့။ ကျန်းကန်ရင်းဟာမင်းကြီးဆိုပေမဲ့ အာဏာနည်းပါးသည်။ သုံးပုံပုံရင် တစ်ပုံလောက်သာကျန်းကန်ရင်းဘက်ပါကြတယ်..ကျန်တဲ့နှစ်ပုံကတော့အမတ်တွေရဲ့လူများဖြစ််ကြသည်။

နန်းတော်ထဲမှာတောင်တစ်ချို့ရဲမက်များဟာ ယွမ်အမတ်ကြီးဘက်ကိုပါသွားကြသည်။ ယွမ်အမတ်ကြီးဟာသူ့သမီးနဲ့ကျန်းကန််ရင်းကို သဘောတူရတဲ့အကြောင်းအရင်းကတော့ ကျန်းကန်ရင်းရဲ့ရင်သွေးသူ့သမီးမှာရှိအောင်လုပ်စေချင်တာဖြစ်သည်။ သို့ပေမဲ့ကျန်းကန်ရင်းဟာယွမ်လိန်မိန်နဲ့ တစ်ခါလေးတောင်မအိပ်ပေ။ ယွမ်အမတ်ကြီးဖိအားပေးပါစေ ယွမ်လိန်မိန်နဲ့အိပ်ဖို့နေနေသာခြေဦးတောင်မလှည့်ပေ။

ယွမ်လိန်မိန်လည်းကြိုးစားနေပေမဲ့ ကျန်းကန်ရင်းနဲ့ကြာကြာနေအောင် သူမလုပ်နိုင်ခဲ့။ ဒါကြောင့်သူတို့သားအဖမပုန်ကန်သေးပဲ ငြိမ်နေတာလည်းဖြစ်သည်။ ယခုတော့သားအဖနှစ်ယောက်လက်ဖက်ရည်သောက်ရင်းစကားပြောနေတော့သည်။

villain boss(s-3)Where stories live. Discover now