Arc-7.8

378 44 14
                                    

ရှောင်ပိုင်ကြည့်နေတဲ့လိုင်းဘက်မှာ မနေ့ညကအသတ်ခံလိုက်ရလို့ သေဆုံးသွားရတဲ့လူအကြောင်းပါလာခဲ့တယ်..ကိုးရိုလည်းထိုအကြောင်းကိုကြည့်ပြီးရော မုရီကိုပြန်ကြည့်လိုက်တယ်..မုရီဟာသူ့ကိုကြည့်လာတဲ့ကိုးရိုကို...

" ဘာကြည့်တာလည်း.."

" မင်းဒီလူသတ်မူ့ကိုဘယ်လိုထင်လည်း.."

" ဘာကိုလည်း..."

" အခုတလောလူသေတာများလာတယ်လေ..ထူးထူးဆန်းဆန်းသေတဲ့သူတွေကလည်း အပြစ်ကျူးလွန်ထားတဲ့သူတွေများနေတယ်..ဟိုတစ်လောတုန်းကငါတောင်လူသတ်သမားလေးနဲ့တောင်စုံလိုက်သေး.."

"......"
ကိုးရိုရဲ့စကားကြောင့်မုရီဟာ အသီးအရွက်လှီးနေတာကိုရပ်လိုက်တယ်...ကိုးရိုကိုဘာများဆက်ပြောမလဲဆိုပြီးလည်း ကြည့်နေတော့သည်။

" အဲ့ကောင်လေးကငါနဲ့ရွယ်တူလောက်ပဲ အမျိုးသမီးတစ်ယောက်ကိုသတ်ဖို့ကြံနေတာ..ငါလည်းအဲ့ကောင်လေးဖမ်းပြီးအမျိုးသမီးကိုကူညီပေးလိုက်တယ်..အဲ့ကောင်လေးငါ့ကိုဘာပြောတယ်ထင်လည်း..သူကအပြစ်ကျူးလွန်ထားတဲ့သူတဲ့... နောက်တစ်နေ့မှာအဲ့ကောင်လေးကအာမခံနဲ့လွတ်ပြီး ငါကယ်လိုက်တဲ့အမျိုးသမီးကတော့သေသွားတယ်လေ..

တိုက်ဆိုင်တာလားဒါမှမဟုတ်အဲ့ကောင်လေးသတ်တာလားတော့ ငါလည်းမသိဘူး..ငါအဲ့အမျိုးသမီးအကြောင်းစုံစမ်းတုန်းက သူ့ရဲ့အပြစ်တွေကိုငါတွေ့တယ်..ဒီသေသွားတဲ့သူကိုသတ်တဲ့သူကအဲ့အမျိုးသမီးကို သတ်ခဲ့တဲ့သူအတူတူပဲလို့မင်းထင်လား.."

" ငါမသိဘူး.."
မုရီဟာမျက်နှာပြောင်ဖြင့်ကိုးရိုကိုလိမ်လိုက်တယ်..လှီးစရာရှိတာကိုလှီးပြီးတော့ ချက်ပြုတ်တော့သည်။ ကိုးရိုဟာသူ့ကိုမုရီလိမ်ညာပြောတာကိုသူသိလိုက်ရတယ်..အမှန်တိုင်းပြောရရင်ကိုးရိုဟာ မုရီတို့အဖွဲ့ထဲဝင်ချင်နေခဲ့သည်။

ဘာကြောင့်လည်းဆိုတော့သူပျင်းနေတာကြောင့်ပေါ့။ တစ်နေ့တစ်နေ့ကျောင်းသွားလိုက်ကျောင်းပြန်လိုက်နဲ့ အချိန်ကုန်ဆုံးနေတော့သူတော်တော်ပျင်းလာခဲ့။ ဖြစ်နိုင်မယ်ဆိုရင်မုရီကိုသူအကုန်သိကြောင်းပြောပြီး တစ်ခါထဲဝင်ချင်ပေမဲ့ သူဘယ်လိုသိလာတာလည်းမဖြေရှင်းနိုင်တာကြောင့် သူထိုသို့မလုပ်နိုင်ပေ။

villain boss(s-3)Where stories live. Discover now