Arc-7.6

434 49 23
                                    

" ဒီစက်ဘီးထဲကကြိုက်ရာရွေး..."

ကိုးရို- (⊙ o ⊙)

ကိုးရိုတစ်ယောက်သူ့ဘဲကြီးရဲ့စကားတွေနဲ့ အရှေ့ကမြင်ကွင်းကြောင့် အံသြသင့်ထိတ်လန့်သွားတော့သည်။ သူတင်မကရှောင်ပိုင်ကလည်းသူ့bossကို အရမ်းအမ်းနိုင်နေတာကြောင့် အံသြစွာကြည့်နေခဲ့တယ်..ကိုးရိုထင်တာဟာ သူ့ကိုအိမ်လိုက်ပို့ပေးမယ်လို့ထင်ထားခဲ့တာဖြစ်တယ်..ဒါပေမဲ့သူ့အိမ်လိုက်မပို့ပေးပဲ စက်ဘီးရောင်းတဲ့နေရာကြီးကို ခေါ်လာလိမ်မယ်လို့သူမထင်ထားပေ။

ပိုဆိုးတာကထိုနေရာကသူဌေးဖြစ်သူကိုယ်တိုင် ရောက်လာပြီးစက်ဘီးတွေလိုက်ပြနေတာပဲ..ကိုးရိုတစ်ယောက်သူ့ဘဲကြီးတော်တော်လေးချမ်းသာမှာပဲလို့ တွေးလိုက်တယ်...

" ဒီစက်ဘီးတွေကိုစိတ်တိုင်းမကျလို့လား.."

" မ...မဟုတ်ဘူး..အ..ရမ်းစျေးကြီးနေလို့..."
သူဒီမှာရှိတဲ့စက်ဘီးအားလုံးကိုသဘောကျတယ်..သို့ပေမဲ့လည်းသူနဲ့သူ့ဘဲကြီးကဘာမှမသက်ဆိုင်သေးတာကြောင့် လိုချင်နေတဲ့ဆန္ဒကိုသိက္ခာဖြင့်ထိန်းလိုက်ရသည်။

" စျေးကိုစိတ်ထဲမထားနဲ့မင်းလိုချင်တဲ့ စက်ဘီးကိုလက်ညိုးထိုးလိုက်..ဒါမှမဟုတ်ဒီစက်ဘီးအားလုံးယူမလား..."

" မယူဘူးမယူဘူး...ဒါနဲ့ဆရာယုဂီဘာလို့ကျွန်တော်ကိုစက်ဘီးဝယ်ပေးရတာလည်း.."

" မင်းရဲ့စက်ဘီးပျက်စီးသွားလို့..."

" အဲ့စက်ဘီးပျက်စီးသွားတာကျွန်တော်ဘာသာအသုံးမကျလို့ပါ ဆရာယုဂီနဲ့မဆိုင်ဘူးလေ ပြီးတော့ကျွန်တော်တို့နှစ်ယောက်ကလည်းသိပ်လည်းမရင်းနှီးပါဘူး..."

" အခုရင်းနှီးသွားပြီ..တကယ်လို့မင်းမရွေးနိုင်ရင်ငါအားလုံးမင်းအိမ်ပို့လိုက်မယ်.."

" ရွေးမယ်...ကျွန်တော်ရွေးမယ်.."
ကိုးရိုဟာပြောမရတဲ့အဆုံးသူသဘောကျနိုင်တဲ့ စက်ဘီးကိုလိုက်ကြည့်တော့သည်။ လိုက်ကြည့်ပေမဲ့ဒဏ်ရာရထားတဲ့ဒူးကြောင့် ထော့နဲ့ထော့နဲ့ဖြစ်နေခဲ့တယ်..ယုဂီဟာကိုးရိုဟာပွေ့ချီလိုက်ပြီခုံတစ်ခုံမှာ ထိုင်စေခဲ့တယ်..ဒီနေရာရဲ့သူဌေးဖြစ်သူကိုရှိသမျှ စက်ဘီးအားလုံးသူ့အရှေ့ထုတ်ပြဖို့ပြောလိုက်သည်။

villain boss(s-3)Where stories live. Discover now