Arc-7.4

421 43 19
                                    

" ကိုးရို..ငါတို့ဒီဘက်မှာ..."
ဒီကနေ့ဟာကိုးရိုတစ်ယောက်ရှီဂီနဲ့မုရီတို့နဲ့ ကစားကွင်းကိုသွားနေ့ဖြစ်သည်။ ကိုးရိုသူ့ကိုလှမ်းခေါ်နေတဲ့ရှီဂီဆီကိုသွားလိုက်တယ်..ရှီဂီရဲ့ဘေးနားမှာတော့ မုရီရှိလေတယ်..သူတို့နှစ်ယောက်ဘယ်အချိန်ရောက်နေတာလည်း ကိုးရိုမသိတာ​ကြောင့်..

" မင်းတို့ဘယ်အချိန်ထဲကရောက်နေတာလည်း.."

" သိပ်မကြာသေးဘူးတကယ်တော့ မုရီအရင်ရောက်နေတာငါကနောက်မှ.."

" သြော်..ဒါဆိုရင်လည်းကစားကွင်းထဲဝင်ရအောင်.."
ကိုးရိုထိုသို့ပြောလိုက်ရောရှီဂီတက်ကြွတဲ့ ကြက်မလေးဖြစ်သွားခဲ့တယ်..အရှေ့ကနေဦးဆောင်ပြီးအထဲကိုဝင်သွားခဲ့။ မုရီနဲ့ကိုးရိုကတော့သူ့နောက်ကိုလိုက်သွားခဲ့ကြတယ်..

သုံးယောက်သားကစားစရာအစုံကိုဆော့ခဲ့ကြတယ်..အစကတော့ကိုးရိုနဲ့မုရီဟာကစားရမှာ တစ်မျိုးဖြစ်နေကြပေမဲ့နောက်ဆုံးတော့ ရှီဂီလိုတက်ကြွတဲ့ကြက်ဖနှစ်ကောင်ဖြစ်သွားခဲ့တယ်..နောက်ဆုံးတော့သုံးယောက်သားတိုင်ပင်စရာမလိုပဲ တွေ့တဲ့ကစားစရာတွေကိုလိုက်ဆော့ခဲ့သည်။ သုံးယောက်လုံးရဲ့မျင်နှာထက်၌အပြုံးပန်းများ ဝေဆာနေခဲ့တယ်..

ကလေးတွေဆော့တဲ့ကစားစရာတွေကိုတောင် အလွတ်မပေး။ ကလေးတွေသာစီးရတဲ့ယာဥ်သေးသေးလေးကို သုံးယောက်သားတစ်ယောက်တစ်စီးနဲ့စီးတော့သည်။ ကလေးတစ်ချို့ဆိုရင်သူတို့ စီးမဲ့အရာကိုလုခံလိုက်ရလို့ငိုကြတယ်..တစ်ချို့သူတွေကတော့သူတို့သုံးယောက်ကို ကြည့်နေတော့သည်။

ဟိုသုံးယောက်ကတော့ဘယ်သူတွေကြည့်နေကြည့်နေ ဂရုမစိုက်ပဲဆော့စရာရှိတာကိုဆော့နေကြတယ်..နေ့ခင်းလည်းရောက်ရောဗိုက်ဆာလာတာကြောင့်တွေ့ရာဆိုင်ထဲဝင်ပြီး စားကြတော့တယ်..ဒီတစ်ခါတော့သုံးယောက်သားအရင်ကထက် ရင်းနှီးလာခဲ့။ ကိုးရိုနဲ့မုရီကလည်းအရင်းကလို သူစိမ်းဆန်မနေတော့ပေ။

ရှီဂီကတော့သူတို့သုံးယောက်သားရိုက်ထားတဲ့ပုံများကို လိုင်းပေါ်တင်တော့သည်။ သူတင်တဲ့ပုံထဲမှာကိုးရိုရောမုရီရောပျော်ရွင်ရယ်မောနေတဲ့ ပုံများပါသည်။ ထိုပုံတွေကိုသူတို့ကျောင်းကသူငယ်ချင်းများ အခန်းဖော်များဟာမြင်ရောမယုံကြည်နိုင်စွာဖြစ်နေကြတယ်..သူတို့နှစ်ယောက်အဲ့လိုမျိုးရယ်မောနေတာတစ်ခါမှမမြင်ဖူးတာကြောင့် အံသြသင့်နေခဲ့ကြတယ်..

villain boss(s-3)Where stories live. Discover now