Arc-3.6

999 113 25
                                    

( အပေါ်ကတစ်ယောက်ရဲ့နာမည်ကချောင်ဟိုင်ပါ..နောက်ပြီးဒါဒါလေးတို့ထင်တဲ့အတိုင်း သူကပိုင်ရှင်ဆိုတာပေါ့ )

ယန်တို့ဒီမြို့ကိုရောက်တာသုံးရက်လောက်ရှိပြီဖြစ်သည်။ ရှင်းရှင်းနဲ့ချန်ချန်တို့ကတော့နေရာအနှံ့ထွက်ပြီး မုန့်ပတ်စားနေခဲ့တယ်..ယန်ကတော့မင်းသားကိုသတ်ဖို့အစီအစဥ်ဆွဲနေရတယ်..သူမြန်မြန်မင်းသားကိုသတ်ပြီးသူ့ချစ်သူကိုရှာချင်နေခဲ့တယ်..ဒါ့ကြောင့်နန်းတွင်းထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်..မကြာခင်ချစ်ကြည်ရေးအောင်မြင်တဲ့အခန်းအနားလုပ်မှာလို့ သူကြားထားတယ်..

အဲ့နေ့မှာမင်းသားကိုလုပ်ကြံဖို့သူနန်းတော်ထဲခိုးဝင်ဖို့အတွက် သူနဲ့သင့်တော်တဲ့နေရာကိုရှာခဲ့တယ်..နောက်တော့နန်းတော်ထဲဝင်နိုင်မဲ့နည်းလမ်းကိုတွေ့သွားခဲ့တယ်..အဲ့နေ့မှာအလှပမယ်လေးများကပြဖျော်ဖြေရမှာဖြစ်တဲ့အတွက် နန်းပြင်ပကနာမည်ကြီးအဖွဲ့ကိုဖိတ်ခေါ်ခဲ့ကြတယ်..ယန်အဲ့အဖွဲ့ထဲဝင်ဖို့လုပ်ရမဲ့အပြင်တခြားနည်းလမ်းမရှိ။

ယန်အဲ့အလှပမယ်လေးများကိုလာဘ်ထိုးပြီး နန်းတော်ထဲဝင်ဖို့လုပ်ခဲ့တယ်..သူလာဘ်ထိုးလို့ရသွားခဲ့။ ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတဲ့အဲ့ဒါက သူမိန်းကလေးတစ်ယောက်လိုဝတ်ဆင်ရမှာဖြစ်တယ်..ယန်မဝတ်ချင်ပေမဲ့လည်းဒီနည်းအပြင်မရှိတာကြောင့် သူမဖြစ်မနေဝတ်ခဲ့တယ်..သူနန်းတော်ထဲဝင်ဖို့မလုပ်ခင်ရှင်းရှင်းနဲ့ချန်ချန်ကို ဘာပြသနာမှမရှာဖို့မှာခဲ့တယ်..

သူသေချာမှာပြီးတာနဲ့သူမဝတ်ချင်တဲ့မိန်းကလေးအဝတ်ကို ဝတ်ဆင်ပြီးအလှပြင်ခဲ့ရတယ်..သူ့ကိုအလှပြင်ပေးနေတဲ့သူကသူလာဘ်ထိုးခဲ့တဲ့ ခေါင်းဆောင်မိန်းကလေးတစ်ယောက်ပဲ။ ယန်ကိုလက်ညိုးထိုးပြီးအော်ဟစ်ရယ်မောနေတဲ့ နှစ်​ယောက်ရှိသည်။ ထိုနှစ်ယောက်ကတော့ရှောင်ပိုင်နဲ့ရှောင်ကျန့်သာဖြစ်သည်။ အစကတော့ရှောင်ပိုင်တစ်ယောက်ထဲသာရှိပြီး ရယ်နေခဲ့တာ။ ဒါပေမဲ့ရှောင်ကျန့်ဘယ်ကနေဘယ်လိုသူ့ဆီရောက်လာတာလည်း သူမသိ။

ရှောင်ကျန့်ရောက်လာရတာဟာရှောင်ပိုင်ခေါ်လို့ဖြစ်သည်။ ရယ်စရာကောင်းတဲ့ဟာတွေ့တယ်ဆိုပြီး ရှောင်ပိုင်ပြောလို့ရှောင်ကျန့်အပြေးလေးလာခဲ့တယ်..ရှောင်ပိုင်ပြောတဲ့ရယ်စရာကောင်းတဲ့ဟာဆိုတာ ယန်ကိုပြောမှန်းသူသိလိုက်ရတယ်..ဒါကြောင့်လည်းသူမထိန်းနိုင်ပဲရယ်နေမိတယ်..ယန်ကတော့မျက်နှာကြီးပုတ်သိုးနေသည်။

villain boss(s-3)Where stories live. Discover now