Arc-7.14

325 35 17
                                    

သူတို့နှစ်ယောက်တစ်ခန်းထဲအတူတူအိပ်တာကို ကိုးရိုအမေဟာဘာမှမပြောပေ။ ဒါဟာသူတို့နှစ်ယောက်ကိုယုံကြည်ပေးတဲ့အပြုအမူမျိုးဖြစ်တယ်..သူတို့နှစ်ယောက်သားသူတို့ဖြစ်ချင်တဲ့ဆန္ဒကို အတင်းဖိနှိပ်ထားပြီးရိုးသားစွာနဲ့အိပ်စက်ခဲ့ရတယ်..ကိုးရိုဆိုရင်ကောင်းကောင်းမအိပ်ရ။ ဘာလို့လည်းဆိုတော့သူ့ကိုဟားနေတဲ့ရှောင်ပိုင်ကြောင့်ပေါ့။ အိပ်မပျော်ခင်ရှောင်ပိုင်နဲ့တောင် သူရန်တွေ့လိုက်သေး။

ဆာယုဂီကတော့အိပ်ပျော်နေတဲ့ကိုးရိုကို အမြတ်တနိုးပွေ့ဖက်ပြီးအိပ်စက်တော့တယ်..ရှောင်ပိုင်ဟာသူတို့နှစ်ယောက်အိပ်ပျော်သွားတာသေချာရော သူ့ချစ်သူငယ်ချင်းရှောင်ကျန့်ဆီကိုသွားတော့သည်။ ရှောင်ပိုင်ကျန့်ပျောက်ပြီးတစ်နာရီကြာရော ကိုးရိုရဲ့ကိုယ်ဟာထူးဆန်းလာခဲ့တယ်...ကိုးရိုရဲ့ကိုယ်ထဲကနေအနီရောင်အငွေ့များထွက်ပေါ်လာခဲ့တယ်..

တစ်ချိန်ထဲမှာပဲ ဆာယုဂီကိုယ်ထဲကနေအမဲရောင်အလင်းတန်းများထွက်လာပြီး အနီရောင်အလင်းတန်းနဲ့ဆက်နွယ်ဖို့ကြိုးစားတော့တယ်...အနီရောင်အလင်းတန်းလေးဟာအစကတော့တွန်းကန်နေပေမဲ့ တစ်ဖြေးဖြေးချင်းဆီအမဲရောင်အလင်းတန်းလေးကို အနားကပ်လာခွင့်ပြုခဲ့တယ်..နောက်တော့အနီရောင်အလင်း​တန်းလေးနဲ့အမဲရောင်အလင်တန်းလေးဟာ ပေါင်းစပ်သွားခဲ့တယ်...

ပေါင်းလည်းဆက်သွားရော မျက်စိကြိမ်းနိုင်တဲ့အဖြူရောင်အလင်းတန်းပေါ်လာပြီး အနီရောင်အလင်းတန်းရောအမဲရောင် အလင်းတန်းရောပျောက်ကွယ်သွားတော့တယ်..ထိုမျက်စိကြိမ်းစေနိုင်တဲ့အဖြူရောင်အလင်းတန်းလေးဟာလည်း ချက်ချင်းပြန်ပျောက်ကွယ်သွားတော့သည်။ ထိုအလင်းတန်းတွေပျောက်ကွယ်သွားရော အိပ်စက်နေတဲ့ကိုးရိုနဲ့ဆာယုဂီဟာ သူတို့ကိုယ်တိုင်မသိလိုက်ပဲအချင်းချင်းဖက်တွယ်ထားနေခဲ့တယ်..

......

' တိုတိုပိုင်..'

' ငါမတိုဘူးဟ..ငါ့ဟာကရှည်တယ်..ဖြောင်း..'
ရှောင်ကျန်တစ်ယောက်ရှောင်ပိုင်နရင်းကိုရိုက်ထည့်လိုက်တယ်..

' မင်းကလေးကိုဘာတွေပြောနေတာလည်းကွ..သူကမင်းကိုကိုလို့ခေါ်နေတာ..'

villain boss(s-3)Where stories live. Discover now