Arc-7.9

387 41 13
                                    

မုရီကတော့ကိုးရိုကိုအမှန်တရားပြောမလို့ စဥ်းစားနေတဲ့အချိန်ကိုးရိုကတော့ ရေခဲမုန့်ကိုစားလို့ပြီးသွားခဲ့။ နောက်လည်းကျနေပြီဖြစ်တာကြောင့် လွယ်အိတ်ကိုယူပြီးပြန်ဖို့အတွက်မုရီကိုနှုတ်ဆက်လိုက်တယ်..မုရီဟာစဥ်းစားခန်းဝင်နေတာကြောင့် ကိုးရိုပြန်တော့ဖို့လုပ်နေတာမသိပေ။

ကိုးရိုဟာမုရီနားကပ်သွားပြီး အတွေးများနေတဲ့သူရဲ့ခေါင်းကိုရိုက်လိုက်တော့တယ်..ထိုအခါမှမုရီလည်းသတိပြန်ဝင်လာပြီး ကိုးရိုကိုလှမ်းကြည့်လိုက်တယ်..ကိုးရိုပြန်တော့မလို့လုပ်နေတာလည်းမြင်ရော ချက်ချင်းထရပ်လိုက်ပြီး...

" ပြန်တော့မလို့လား...."

" ဟုတ်တယ်လေ..နောက်တောင်ကျနေပြီ...ငါ့ကိုလိုက်ပို့စရာမလိုဘူးမင်းဘာသာအေးဆေးနား..bye bye..."
ကိုးရိုဟာပြောပြီးလှည့်ထွက်သွားတော့သည်။ မုရီဟာသူစိတ်ထဲမှာအခါတစ်ရာပြောနေပေမဲ့ အသံကတော့မထွက်ပေ။ မုရီဟာပြောမယ်လို့ ဆုံးဖြတ်ပြီးကိုးရိုကိုထွက်ကြည့်ရော ကိုးရိုပြန်သွားပြီဆိုတာသိလိုက်ရတယ်..

မုရီလည်းသက်ပျင်းရှည်ချပြီးအိမ်ထဲကို ပြန်ဝင်ခဲ့တယ်..မက်ဆေ့သံလာတာကြောင့်ဖုန်းကိုဖွင့်ကြည့်လိုက်ရော မုရီရဲ့အမေဟာမုရီကိုမုန့်ဖိုးလွှဲပေးထားတဲ့စာဖြစ်နေသည်။ အဲ့စာအပြင်မုရီရဲ့အမေဟာသူ့သားကို ကျန်းမာရေးဂရုစိုက်ဖို့နဲ့ စာကြိုးစားဖို့မှာတဲ့စာလေးနှစ်ကြောင်းထက်ပို့ထားသည်။ အဲ့စာတွေအပြင်ဘာစာမှထက်မပို့တော့။ မုရီဆက်မကြည့်ပဲဖုန်းကိုပိတ်ပြီးအိမ်ထဲပြန်ဝင်လိုက်တယ်..

အိမ်ထဲလည်းရောက်ရောခြောက်ကပ်နေတဲ့ အခန်းထဲကိုဝေ့ကြည့်ပြီး အထီးကျန်တဲ့စိတ်ပေါ်လာခဲ့တယ်...

" ဒီနေ့လည်းတစ်ယောက်ထဲပါပဲလား..."

%%%

ကိုးရိုတစ်ယောက်အိမ်လည်းရောက်ရော ပြန်ရောက်ပါပြီဆိုတဲ့စကားကိုအရင်ပြောလိုက်သည်။ ဖိနပ်နဲ့ခြေအိတ်ကိုချွတ်ကာအိမ်ထဲတန်းဝင်လိုက်တယ်..သူမြင်လိုက်ရတာဟာသူ့အမေမဟုတ်ပဲ ဆာယုဂီကိုမြင်လိုက်ရတာကြောင့်လန့်သွားခဲ့။ ဆာယုဂီဟာကိုးရိုကိုလည်းမြင်ရော ချက်ချင်းပြေးဖက်ခဲ့တယ်....

villain boss(s-3)Where stories live. Discover now