Arc-7.13

336 44 18
                                    

" ဟယ်လိုဒီမှာလူသတ်မူ့ဖြစ်သွားတယ်ဗျ တစ်ချက်လောက်လာပေးပါနေရာက/^/#&-...."
ကောင်လေးတစ်ယောက်ဟာအေးအေးလူလူနဲ့ ရဲတစ်ယောက်ဆီဖုန်းလှမ်းဆက်ကာ လူသတ်မူ့ကိုတိုင်ကြားတော့သည်။ ကောင်လေးဟာဆက်လည်းပြီးရောဖုန်းကိုပစ်ချလိုက်သည်။

" ကိုးရိုမင်းကငါထင်ထားတာထက်တောင် ကြောက်ဖို့ကောင်းတယ်.."

" မုရီမင်းငါ့ကိုအဲ့လိုမပြောသင့်ဘူး..မင်းလည်းကြောက်ဖို့ကောင်းတယ်သူ့ရဲ့ဟိုဟာကို မင်းကိုယ်တိုင်ဖြတ်လိုက်တာနော်.."

" ကဲကဲနှစ်ယောက်သားတော်ကြတော့ နင်တို့နှစ်ယောက်လုံးကြောက်ဖို့ကောင်းတာဟုတ်ပြီလား..."
ကောင်မလေးတစ်ယောက်ဟာထပြောလိုက်သည်။

" သူများကိုပြောမနေနဲ့ရှီဂီမင်းလည်းအတူတူပဲ ရုပ်လေးကြည့်တော့အပြစ်မလုပ်ထားတဲ့ရုပ်လေးနဲ့တကယ့်တကယ်ကျတော့ ကြောက်စရာကောင်းတယ်.."
ဆိုပြီးကိုးရိုဟာပြောလိုက်သည်။

တကယ်တော့သူတို့သုံးယောက်ဟာလူတစ်ယောက်ကို အတူတူလာသတ်ကြတာဖြစ်တယ်..သူတို့သုံးယောက်သတ်ထားတဲ့သူကတော့ကုတင်ပေါ်မှာ ပက်လက်ကြီးဖြစ်နေကာမျက်လုံးကလည်းပြူးပြီးသေနေလေတယ်..သူ့ကိုယ်အနှံ့မှာလည်းသွေးများစွာဖုံးလွှမ်းနေခဲ့တယ်..သူမသေခင်တော်တော်လေးခံစားသွားရမယ်ဆိုတာ ပုံစံကိုကြည့်တာနဲ့သိနိုင်တယ်..

ကိုးရို၊မုရီနဲ့ရှီဂီတို့ဟာဒါနဲ့ဆိုရင်လူလေးယောက်ကိုသတ်ပြီးသွားပြီဖြစ်တယ်..သူတို့လူသတ်တာကိုလွန်ခဲ့တဲ့နှစ်ပတ်ထဲက စခဲ့တာဖြစ်သည်။ ဘယ်လိုစခဲ့လည်းဆိုတော့ကိုးရိုဟာသူ့အမေရဲ့အကြောင်းကို ဆာယုဂီဆီလှမ်းပြောခဲ့တာနဲ့စခဲ့တာဖြစ်တယ်..ကိုးရိုဟာဆာယုဂီတို့အဖွဲ့ထဲဝင်ပြီး ရှောင်ပိုင်ပေးတဲ့အချက်အလက်များနဲ့ သူ့အမေကိုမြင်လိုက်တဲ့သူငါးယောက်ကို သတ်ဖို့စတင်ခဲ့တယ်..

အစကတော့ကိုးရိုနဲ့မုရီနှစ်ယောက်သာ သူတို့ကိုသတ်ဖို့အစီအစဥ်ဆွဲခဲ့ကြတယ်..ဆာယုဂီကလည်းသူသတ်ပေးဖို့လုပ်ပေမဲ့ ကိုးရိုကသူကိုယ်တိုင်သတ်ချင်တာကြောင့် မုရီကိုသာကိုးရိုဘေးနားလွှတ်ပေးထားတာဖြစ်တယ်..နောက်ကွယ်ကနေလည်းလိုအပ်တာမှန်သမျှကိုကူညီထောက်ပံ့ပေးခဲ့တယ်..သူတို့နှစ်ယောက်ငါးယောက်ထဲကတစ်ယောက်ကို ပထမဦးဆုံးသတ်တုန်းကရှီဂီမတော်တဆ မြင်သွားခဲ့တယ်..

villain boss(s-3)Where stories live. Discover now